TOP > ALL > LIFESTYLE > “ကမ်းပိုင်း! အားလုံး​သောဆာ​ကေးချစ်​သူများအတွက်”​ တွင်​မြင်​​တွေ့ရ​သော
LIFESTYLE

“ကမ်းပိုင်း! အားလုံး​သောဆာ​ကေးချစ်​သူများအတွက်”​ တွင်​မြင်​​တွေ့ရ​သော

ဂျပန်​ဆာ​ကေး​လောက။

MULTIPLE LANGUAGE

ဒီ​နွေး​ထွေးပျူငှာတဲ့ မှတ်​တမ်းတင်​ဇာတ်​လမ်းတိုမှာ ဆာ​ကေးသည်​​ သောက်​စရာတစ်​ခုထက်​ပို​ကြောင်း ​ပြောပြ​နေပါတယ်​။

ဆာ​ကေး​ကောင်းကို​ သောက်​ဖူးတဲ့သူ​တွေအတွက်​က​တော့ ဆာ​ကေးရဲ့ ရိုးရှင်းမှု​နောက်​ကွယ်​က ​သောက်​သုံးရတဲ့နက်​ရှိုင်းမှုနဲ့ အရသာကိုခံစားမိမှာပါ။ ဆာ​ကေး​သောက်သုံးခြင်းသည်​ ဂျပန်​လူမျိုးများအကြား​ရှေးကျ​သော ရိုးရာထုံးတမ်းအစဉ်​အလာတစ်​ခုဖြစ်​ပြီး လွန်​ခဲ့​သော ၃ ရာစုနှစ်​​လောက်​ကတည်းက​ ဖော်​ပြထား တာကို ​တွေ့ရှိရမှာဖြစ်​ပါတယ်​။ ဆာ​ကေး သို့မဟုတ်​ ဂျပန်​အရက်​လို့ လူသိများသည့်​ ဆာ​ကေးသည်​ ဂျပန်​ရဲ့ ယဉ်​​ကျေးမှုနှင့်​ ဆက်​နွယ်​လျက်​ရှိပြီး ဂျပန်​နိုင်​ငံရဲ့ အရက်​/သေရည်​လို့​တောင်​​မှ ပြောလို့ရပါတယ်​။

ဆွဲ​ဆောင်​မှုရှိ​သော ဂျပန်​အရက်​သည်​ ကမ္ဘာတစ်​ဝှမ်းတွင်​ ကြီးထွားလာခဲ့ပြီး ဆာ​ကေးဘားနှင့်​ အ​နောက်​တိုင်း ဆာကေးချက်​ရုံများ​ပေါ်​ပေါက်​လာမှုနှင့်​အတူ လျှင်​မြန်​စွာနာမည်​ကြီးလာခဲ့ပါတယ်​။ ဒါ​ပေမယ့်​ ဆာ​ကေးချက်​လုပ်​ခြင်း နည်းပညာနဲ့ပတ်​သတ်​ပြီး ကျွန်​​တော်​တို့တစ်​​တွေ ဘယ်​​လောက်​ထိသိထားပြီးပြီလဲ? မီရာအိခိုနီရှိ (MiraiKonishi) ရိုက်​ကူးထား​သောကမ်းပိုင်း! အားလုံး​သောဆာ​ကေးချစ်​သူများအတွက်​ မှတ်​တမ်း တင်​ ဇာတ်​လမ်းတိုသည်​ ချစ်​မြတ်​နိုးရ​သောဆာ​ကေးသို့ ​ဖော်​ညွှန်းပြသမှုဖြစ်​ပြီး ဆာကေးချက်​လုပ်​ခြင်း၏ ရှုပ်​​ထွေးမှုနှင့်​ ဆာ​ကေးကိုချက်​လုပ်​မျှ​ဝေကြ​သော သူတို့၏​ပေးဆပ်​အားထုတ်​မှုများကိုလည်း ဖော်​ပြလျှက်​ရှိပါ တယ်။

ဒီအ​ကြောင်းအရာသည်​ ၂၀၁၅ ခုနှစ်​တွင်​ ထုတ်​လွှင့်​ခဲ့​သော နိုင်​ငံတကာအဆင့်​မှီ မှတ်​တမ်းတင်​ ဇာတ်​လမ်းတိုဖြစ်​ပြီး ကျိုတိုမြို့နှင့်​ အိုဆာကာမြို့မှ လန်​ဒန်​၊ နယူး​ယောက်​အထိသို့ ကျွန်​​တော်​တို့ကို ခေါ်​ဆောင်​သွား မှာဖြစ်​ပါတယ်​။ ဂျပန်​တစ်​ဝှမ်းမှ အဓိကကျတဲ့မြို့များကိုလှည့်​ပတ်​ရင်း ဂျပန်​ရဲ့သမိုင်း​ကြောင်းရှည်​လျားတဲ့ ဂျပန်​အရက်​ချက်​လုပ်​ခြင်းကို သက်​​သေပြသွားမှာဖြစ်​ပြီး လက်​ရှိမျက်​​မှောက်​​ခေတ်​အထိ ကမ္ဘာတစ်​ဝှမ်းမှာ ဆာ​ကေးသောက်သုံး​နေကြတဲ့ အ​​ကြောင်း​ကိုလည်း သက်​​သေထူသွားမှာဖြစ်​ပါတယ်​။

ဒီမှတ်​တမ်းတင်​ဇာတ်​လမ်းတိုမှာ မတူညီ​သော​နောက်​​ကြောင်း​​တွေရှိ​နေတဲ့ ပုဂ္ဂိုလ်​ ၃ ဦးက​နေ မိတ်​ဆက်​​ပေးသွားမှာဖြစ်​ပါတယ်​။ ဆာ​ကေးအ​ကြောင်း စာအုပ်​​တွေရေးသားပို့ချ​နေတဲ့ USA/Cleveland က John Gauntner၊၊ ဆာကေးချက်​ဆရာတစ်​​ယောက်​ဖြစ်​ပြီး ကျိုတိုမြို့ ခီ​နော့ရှိတချက်​စက်​ရုံမှာလုပ်​​နေတဲ့ UK က Philip Harper၊ ဆာ​ကေးချက်​သူရဲ့သားတစ်​ဦးဖြစ်​ပြီး USA မှာ အချိန်​ကုန်​ဆုံး​နေရာမှ မိသားစုလုပ်​ငန်းဆက်​ခံ လိုက်​တဲ့ ခိုစုခဲခုဂျိတို့ဖြစ်​ပါတယ်။ ​သူတို့တစ်​​တွေ ဘယ်​လိုဆာ​ကေးလမ်း​ကြောင်း​ပေါ် ​လျှောက်​လှမ်းလာခဲ့ကြ တယ်​ဆိုတာ စိတ်​ဝင်​စားစရာ​ကောင်းပြီး သူတို့​တွေရဲ့ နည်းပညာအ​ပေါ်နှင့်​ အ​ပေါင်းအ​ဖော်​​တွေအ​ပေါ် ချစ်မြ​တ်​နိုးပုံ​တွေကို ထင်​ထင်​ရှားရှား မြင်​တွေ့ကြရမှာပါ။

ဆာ​ကေးကိုဆန်​​ရေ၊ တ​စေးတို့က​နေချက်​လုပ်​ပြီး လုပ်​ရိုးနည်းလမ်းက ခက်​ခဲရှုပ်​​ထွေးလှပြီး အချိန်​ကြာ မြင့်​ကာ အာရုံစူးစိုက်​မှုနှင့်​ ဆာ​ကေးချစ်​သူ၏ ​ပေးဆပ်​အားထုတ်​မှုတို့ လိုအပ်ပါ​တယ်​။ ဒီဟာက ကမ်းပိုင်းမှာ မလွတ်​တမ်း ကြည့်သင့်တဲ့​​အချက်​ပါပဲ။ ဒီမှတ်​တမ်းတင်​ဇာတ်​လမ်းတို့ရဲ့ များစွာ​သောလှပတဲ့အကွက်​များမှတစ်​ဆင့်​ ဆာ​ကေးချက်​လုပ်​ခြင်းရဲ့ ခက်​ခဲတိကျမှုနဲ့ လုပ်​​ဆောင်​ပုံအဆင့်​ဆင့်ကို မြင်​​တွေ့နိုင်​မှာဖြစ်​ပါတယ်​။

Philip က သူ့ရဲ့ရှည်​လျားတဲ့ ဆာ​ကေးချက်​ခြင်းနဲ့ပတ်​သတ်​ပြီး သူ့ရဲ့လုပ်​​ဖော်​ကိုင်​ဖက်​​တွေနဲ့အတူ မနက်​ ၅း၃၀ က​နေ ည​နေ ၉ နာရီအထိ​ ပြောပြခဲ့ပြီး သူ့ရဲ့မှန်​ကန်​တဲ့ စိတ်​အားထက်​သန်​မှုကို မြင်​​တွေ့ရမှာဖြစ်​ပါ တယ်​။ ဆာ​ကေးချက်​လုပ်​ခြင်းမှာ ဗြိတိန်​လူမျိုး​တွေ လာ​ရောက်​ပါဝင်​ကြ​သော်​လည်း Philip က ဒီလို​ပြောပြခဲ့ပါ တယ်​။” ဆာမူရိုင်းလို စိတ်​ဝင်​ဖို့ရာ ဂျပန်​ဖြစ်​စရာမလိုပါဘူး” ။

ဂျပန်​အရက်​သည်​ ဆန်​ရဲ့အ​ပေါ်ယံအလွှာ​ကိုဖယ်​ဖို့ရာ ဆန်​ကို​ချေးချွတ်​ပြီး အချဉ်​​ဖောက်​ပါတယ်​။ စိတ်​ဝင်​စားဖို့​ကောင်းတာက ချက်​လုပ်​တဲ့အဆင့်​​တွေက အရက်​ပြင်းအဆင့်​မ​ရောက်​​ပေမယ့်​ ဘီယာနဲ့ နီးစပ်​​နေပါ တယ်​။

ဆန်​အပြင်​ပိုင်းကို​ ခြောက်​​သွေ့ပြီးမာစေရန်​နှင့်​ အတွင်းပိုင်းကိုနူးညံ့ပြီး စိုစွတ်​​စေရန်​​ ပေါင်းခံရပါတယ်​။ ဒီလိုလုပ်​ခြင်းဟာ ခိုဂျိမှို​တွေကို ကစီဓာတ်​များတဲ့ အလယ်​​နေရာမှာ​ပေါက်ဖွား​စေဖို့ရာ တွန်းအားဖြစ်​​စေပါတယ်။ ခိုဂျိမှိုပွင့်​တွေဟာ ဆန်ပေါ်မှာတလက်​လက်​​ပေါက်​လာပြီး အင်​ဇိုင်းဓာတ်​ပြုလုပ်​ကာ ကစီ​တွေကို ဖြိုခွဲပါတယ်​။ ပြီး​တော့အချဉ်​​ဖောက်​ထားလိုက်​ပါတယ်​။

ပုံမှန်​အားဖြင့်​ ဒီလိုနည်းလမ်းနှင့် အရက်​ချက်​ခြင်းဟာ အချိန်​ကြာမြင့်​ပြီး ထိန်းချုပ်​ရလည်းခက်​ခဲပါတယ်။ ဒါ​ပေမယ့် ဆာ​ကေးချစ်​သူ​တွေ အားထုတ်​ကြိုးပမ်းပြီး ဂုဏ်​ယူရတဲ့နက်​ရှိုင်းပြီး ပြင်းထန်​တဲ့အရသာကိုရ​စေပါ တယ်​။

မှိုနဲ့ ဆာ​ကေးနဲ့​ ပေါင်းဖက်​ညီမှ ခိုဂျိ(မှို)ဖြစ်​ပြီး နှစ်​ခုလုံးကလည်း မှို​တွေလေလို့ Philip က ဟာသလုပ်​ခဲ့ ပါတယ်​။ ဘယ်​အချိန်​ ဘယ်​အစားအစာနဲ့ ဆာ​ကေးကလိုက်​ဖက်​ကြောင်း နည်း​တွေကို John က​ပြောပြခဲ့​သော်​လည်း တကယ်​က ဝိုင်​လိုမျိုး ပုံ​သေနည်းမရှိပါဘူး။ ကိုယ်​ကြိုက်​သလို လွတ်​လပ်​စွာခံစားနိုင်​ပါတယ်​။

ပုံမှန်အားဖြင့် ဆာကေးချက် စက်ရုံပိုင်ရှင်များသည် ဆာကေးချက်လုပ်ခြင်းတွင် ပါဝင်လေ့မရှိဘဲ အရောင်းမြင့်တင်ခြင်းနှင့် ကုမ္ပဏီရဲ့ မျက်နှာဖုံးများအဖြစ်သာ နေတတ်ကြပါတယ်။ ဒါဟာ ဆာကေးတိုးတက် ရေးအတွက် ပါဝင်ဆောင်ရွက်ချင်တဲ့ ခိုစုခဲအတွက် ပြဿနာတွေဖြစ်စေပါတယ်။ ပြောင်းလဲမှုတွေအတွက် ကြိုး စားတဲ့အခါ ခဏခဏလျစ်လျူရှုမှုတွေ ဘယ်လိုပြုလုပ်ခဲ့ကြောင်းနဲ့ သူဘယ်လိုရင်ဆိုင်ဖြေရှင်းခဲ့ကြောင်းနဲ့ နောက်ဆုံးမှာသူ့ရဲ့ ဆာကေးကရွှေတံဆိပ်ဆု အောင်မြင်ခဲ့ကြောင်း ပြောပြသွားခဲ့ပါတယ်။ သူက လူအဟောင်း တွေ နားသွားမှသာ လူအသစ်ကိုငှားရမ်းခန့်အပ်လေ့ရှိပြီး သူတို့တွေကလည်း သူ့ဆီကအမိန့်နာခံဖို့ ပြဿနာ မရှိတဲ့အတွက် ကုမ္ပဏီကတိုးတက်လာတာပါ။ ဒါဟာ ဆာကေးလောက ဘယ်လိုပြောင်းလဲလာတယ်ဆိုတာကို ပြသနေပြီး ဂျပန်ခေတ်သစ် စီးပွားရေးမှာလည်း တစိတ်တပိုင်းပါဝင်လျက် ရှိနေပါတယ်။

ဒီမှတ်တမ်းတင်ဇာတ်လမ်းတိုမှာ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက် ဂျပန်ကို ၀င်ရောက်ခဲ့တဲ့ အရှေ့ ဂျပန် ငလျင်နဲ့ ဆူနာမီတို့ကြောင့် ဂျပန်ဆာကေးလောက ဘယ်လိုထိခိုက်ခံစားခဲ့ရကြောင်းကိုလည်း ဖော်ပြထားပါ တယ်။ သဘာဝဘေးအန္တရာယ်ကို အများဆုံးခံစားခဲ့ရတဲ့ အိဝတဲ့၊ ခိုစုခဲသည် ဆာကေးရဲ့ အဆုံးသတ်ကို မြင် တွေ့လိုက်ရတယ်လို့ သူယုံကြည်ခဲ့ပါတယ်။ လူတွေကိုနေ့စဉ် စည်းစိမ်ပျော်ရွင်မှုတွေ မလုပ်ကြဖို့ရာ တိုက်တွန်း ခံရသော်လည်း ဒီဒေသရဲ့ စီးပွားရေးအတော်များများသည် ဆာကေးရောင်းဝယ်ဖောက်ကားခြင်းအပေါ် မှီခိုနေခဲ့ ရပါတယ်။ ဒေသခံမှာရှိတဲ့ အရက်ချက်စက်ရုံ တော်တော်များများသည်လည်း ဖျက်ဆီးခံလိုက်ရပါတယ်။ သူ အစဉ်အလာတွေကို ဘယ်လိုဆန့်ကျင်ခဲ့ကြောင်း (အစိုးရပိုင်းအား ဆန့်ကျင်ခြင်းနှင့် ရင်ဆိုင်ရခြင်း)၊ သတင်း မီဒီယာတွေမှတဆင့် ဒီဒေသကလူတွေကို အားပေးထောက်ပံ့ဖို့ အဲ့ဒီဒေသက ဆာကေးတွေ သောက်သုံးကြဖို့ ရာ ဖြန့်ကျက်ခဲ့ပါတယ်။ သူ့ရဲ့ ရုပ်သံကိုဒေသခံမီဒီယာတွေမှ ဘီဘီစီနှင့် နယူးယောက်တိုင်းတို့မှ သတင်းယူခဲ့ပါ တယ်။ ဆာကေးသည် နိုင်ငံတကာအဆင့် သောက်စရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီမှတ်တမ်းမှာတွေ့ရတဲ့အတိုင်း ဆာကေးချက်ခြင်းသည် အမြဲတမ်းပြောင်းလဲနေတဲ့ နယ်ပယ်တစ်ခု ဖြစ်ပါတယ်။ ဒီမှတ်တမ်းကနေပေးချင်တဲ့ အဓိကမက်ဆေ့ခ်ျကတော့ “သင်ဟာ နှစ်စဉ် ၀ါနုသူ/ အသစ် ဖြစ်ပါ တယ်” ဆိုတာပါပဲ။ ဆာကေးချက်လုပ်ခြင်းနည်းလမ်းသည် အမြဲတည်တံ့နေသော်လည်း ဆာကေးနှင့် အလုပ် သည် ဘယ်တော့မှ ထပ်တူညီမှုမရှိပါ။ နည်းပညာရှင်များလိုပဲ ဘ၀တလျောက် အမြဲသင်ယူနေရမှာပါ။

အံ့သြစရာကောင်းလောက်အောင် ဆာကေးပြုလုပ်ခြင်းမှာ အာရုံစူးစိုက်မှုနှင့် ဂရုစိုက်မှုတွေ ပါဝင်နေ တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီမှတ်တမ်းကနေ အင်တာဗျူးဖြေသွားသူတွေရဲ့ ဆာကေးအပေါ်ထားရှိတဲ့ မှန်ကန်ပြင်းထန်တဲ့ စိတ်ဓာတ်၊ ဆာကေးက သူတို့အတွက် သောက်စရာတစ်ခုထက်ပိုကြောင်းနှင့် အခြားသော ဂျပန်လူမျိုးများအတွက်လည်း ထိုသို့ဖြစ်ကြောင်း တွေ့မြင်ရမှာပါ။ ဒါဟာသူတို့အတွက် အမွေအနှစ်တစ်ခုပင် ဖြစ်ပါတယ်။

စာသား – Jessica Esa

RECOMMEND POSTS

ページトップへ