TOP > ALL > SHOWBIZ > ပရိတ်သတ်အချစ်တော် အဆိုတော်အဖွဲ့အနေနှင့်သာမက ရုပ်ရှင်လောကတွင်ပါ ဦးဆောင်နေသည့် AKB48
SHOWBIZ

ပရိတ်သတ်အချစ်တော် အဆိုတော်အဖွဲ့အနေနှင့်သာမက ရုပ်ရှင်လောကတွင်ပါ ဦးဆောင်နေသည့် AKB48

အဖွဲ့ဝင်များ အခုလူကြီးမင်းတို့ရဲ့အသည်းစွဲ ဂျပန်မိန်းကလေးအဆိုတော်အဖွဲ့ဖြစ်တဲ့ AKB48 အဖွဲ့ဝင်တွေရဲ့ ရုပ်ရှင် ပိတ်ကားပေါ်က အကောင်းဆုံးအနုပညာလှုပ်ရှားမှုတွေထဲကအချို့ကို တင်ပြပေးသွားမှာဖြစ်ပါတယ်။

တေးသံသွင်းလုပ်ငန်းရဲ့ ထုတ်လုပ်သူတစ်ဦးဖြစ်သူ Yasushi Akimoto က AKB48 အဆိုတော်အဖွဲ့ရဲ့ ပထမ မျိုးဆက်ကို ဖွဲ့စည်းဖို့ဆိုပြီး ၂၀၀၅ ခုနှစ်မှာ အသံစစ်ဆေးပွဲတွေ ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီတုန်းကတော့ ဒါဟာ ဂျပန်ဂီတလောကသမိုင်းမှာ စတင်ဖောက်ထွက်အောင်မြင်လာမယ့် လူမှုရေးဖြစ်စဉ်ကြီးတစ်ခုကို အစပျိုးလာတာပဲဆို တာကို တွေးမိတဲ့ သူသိပ်မများလှသေးဘူးပေါ့လေ။ ဒါပေမယ့် နောက်ထပ် ၁၃ နှစ်လောက်ကြာပြီးတဲ့အချိန်မှာတော့ AKB48 အဖွဲ့ထဲမှာ အဖွဲ့ဝင် ၁၀၀ ကျော်ထိရှိလာပြီး သီချင်းခွေပေါင်း ၅၆ သန်းကျော် စံချိန်တင်ရောင်းချနိုင်ခဲ့ရုံမက အောင်မြင်မှုအလီလီကို ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် ဂျပန်တေးဂီတလုပ်ငန်းကြီးတစ်ခုလုံးကိုပါ ထာဝရပြောင်းလဲပစ်နိုင်ခဲ့ပါ တယ်။ AKB48 အဖွဲ့ရဲ့အယူအဆတစ်ခုဖြစ်တဲ့ “idols we can meet” (တို့ဆုံတွေ့ကြရမယ့် ပြည်သူ့အသည်းကျော် အဆိုတော်များ) ဟာဆိုရင် ပရိတ်သတ်တွေရဲ့ရင်ကို နှစ်ပေါင်းများစွာ ကိုင်လှုပ်နိုင်ခဲ့ပြီး ခုထက်ထိလည်း ပြည်သူတွေ ရဲ့ရင်ထဲမှာ ရှိနေဆဲဆိုတာကို အချိန်ကသက်သေပြလျက်ရှိပါတယ်။

ဒါပေမယ့် AKB48 အဖွဲ့ဝင်တွေရဲ့ အရည်အချင်းတွေဆိုတာ ဒီလိုသီဆိုဖျော်ဖြေတဲ့နေရာမှာတင်ပဲ ရပ်တန့် မနေပါဘူး။ AKB48 အဖွဲ့ဝင်တွေဟာ ဂျပန်ရုပ်သံဇာတ်လမ်းတွေ၊ ရုပ်ရှင်ပိတ်ကားတွေအထိ ပါဝင်လာနိုင်ခဲ့ပြီး အဖွဲ့ ဝင်အချို့ဆိုရင် လုပ်ငန်းရှင်အမျိုးသမီးတွေအဖြစ်၊ ဖက်ရှင်ကြယ်ပွင့်တွေအဖြစ် အောင်မြင်မှုတွေအသီးသီး ရယူနိုင်ခဲ့ ကြပါသေးတယ်။ ကဲဒါဆိုရင်တော့ နောက်ထပ်အချိန်ဆွဲမနေတော့ဘဲ AKB48 အဖွဲ့မှာ အဓိကပါဝင်ခဲ့တဲ့ ယခင်အဖွဲ့ ဝင်ဟောင်းတွေ ဒီနှစ်ပိုင်းတွေအတွင်း ဘယ်လိုနယ်ပယ်တွေမှာ အောင်မြင်မှုတွေရရှိလာခဲ့ကြသလဲဆိုတာအပြင် လက်ရှိအချိန်အထိ ပိတ်ကားပေါ်က သူတို့ရဲ့ အကောင်းဆုံးသရုပ်ဆောင်ချက်တွေကိုပါ ကြည့်လိုက်ကြရအောင်။

 Eating Women(食べる女) ရုပ်ရှင်ထဲက Atsuko Maeda , 2018

သူ့ပရိတ်သတ်တွေကြားမှာ “Acchan” လို့လူသိများတဲ့ Atsuko Maeda ဟာ ၂၀၀၅ ခုနှစ်၊ သူမအသက် ၁၄ နှစ်ကတည်းက AKB48 အဖွဲ့မှာ ပထမမျိုးဆက်အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပြီး ယနေ့အချိန်အထိ အဖွဲ့ထဲကထွက်ပေါ် လာခဲ့သမျှ ပင်ကိုအရည်အချင်းအရှိဆုံး အအဆိုတော်တွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ် ပါတယ်။ သူ့ရဲ့သဘာဝကျတဲ့ကိုယ်ဟန်အမူအရာနဲ့ ပင်ကိုယ်အစွမ်းအစတွေဟာ ပရိတ်သတ်တွေကြားထဲမှာသာမက အဖွဲ့ဝင်တွေထဲမှာပါ ရေပန်းစားခဲ့ပြီး အဖွဲ့အတွင်းမှာတင်ပြုလုပ်တဲ့ “လူကြိုက်များမှုနဲ့ပတ်သတ်တဲ့ မဲပေးရွေးချယ်ရေး အစီအစဉ်” မှာလည်း နှစ်ပေါင်းအတော်ကြာအောင် ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ Maeda ဟာ “Iiwake Maybe”, “Ponytail to Shushu”, “Flying Get” တို့လို့အဖွဲ့ရဲ့ ထိပ်တန်းတစ်ကိုယ်တော်ခွေတွေမှာ အဓိကကျတဲ့ အဆိုတော်တစ်ဦးဖြစ်ခဲ့ပါတယ်။ အဖွဲ့ဝင်အဖြစ်ရှိနေစဉ်အတောအတွင်းမှာပဲ သရုပ်ဆောင်နယ်ပယ်ကို စတင်ခြေချနိုင် ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ အဖွဲ့ထဲကနေ ပညာစုံလို့ထွက်ခွာတဲ့အချိန်အထိလည်း သရုပ်ဆောင်အလုပ်ကို ဆက်လက်လုပ် ကိုင်ခဲ့သူဖြစ်ပါတယ်။ “Eating Women” ရုပ်ရှင်မှာဆိုရင် Maeda ဟာ ဘာမှပြောစရာမလိုအောင် ပြည့်စုံတဲ့လက်တွဲ ဖော်ကိုရထားလျက်နဲ့ ဘဝမှာ လိုအင်ဆန္ဒတွေပြည့်ပြီး ရင်းပြည့်ချင်နေတဲ့ အိမ်ထောင်မှုလစ်ဟင်းသူ အလုပ်အကိုင်ရှိ အမျိုးသမီးတစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။ အဲဒီရုပ်ရှင်ထဲမှာ သူရဲ့တကယ့်လက်တွေ့ဘဝက ခင်ပွန်းဖြစ်သူ ရုပ်ရှင်မင်းသား Ryo Katsuji နဲ့ တွဲဖက်သရုပ်ဆောင်ထားတာကလည်း ဒီဇာတ်ကားကို ကြည့်ရှုသင့်တဲ့ အကြောင်းပြ ချက်တစ်ခုဖြစ်နိုင်ပါတယ်။

Romance(ロマンス) ရုပ်ရှင်ထဲက Yuko Oshima , 2015

အမြဲလိုလို Atsuko Maeda ရဲ့ ပြိုင်ဘက်ဖြစ်ခဲ့သူ Yuko Oshima ဟာလည်း AKB48 အဖွဲ့ရဲ့ထဲက အောင်မြင်ထွန်းပေါက်ခဲ့တဲ့ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ AKB48 အဖွဲ့ရဲ့ ဒုတိယမျိုးဆက်အဖွဲ့ ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီး လူကြိုက်များမှု မြန်မြန်ဆန်ဆန် ရရှိခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ AKB48 အဖွဲ့ရဲ့ လူကြိုက် အများဆုံး ထိပ်ဆုံးနှစ်ယောက်ထဲမှာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိပါဝင်နိုင်ခဲ့ပြီး ၂၀၁၀ မှာ တော့ Maeda ကို ကျော်ပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း အဖွဲ့ရဲ့ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ “Heavy Rotation” အခွေထဲမှာ အဓိကနေရာက ပါဝင်ခွင့်ရခဲ့ပါတယ်။ Oshima ဟာ ၂၀၁၄ ခုနှစ်မှာ AKB48 အဖွဲ့က ပညာစုံ လို့ထွက်ခွာတဲ့အချိန်မှာ တစ်ဘက်မှာလည်း သရုပ်ဆောင်ပိုင်းမှာ ချီးကျူးစရာကောင်းလောက်အောင် လမ်းသစ်ဖောက် ထားနေနိုင်ပြီဖြစ်ပါတယ်။ ”Romance” ဇာတ်ကားထဲမှာဆိုရင် မဖြေရှင်းနိုင်သေးတဲ့ ကိုယ်ရေးကိုယ်တာပြဿနာတွေ ကြောင့် ဘဝမှာရှေ့ဆက်ရခက်နေပေမယ့် နောက်ဆုံးမှာတော့ အဲဒီပြဿနာတွေကို ကူညီဖြေရှင်းပေးမယ့် ယောကျာ်း တစ်ဦးကိုတွေ့ရှိခဲ့သူ မီးရထားတွဲဝန်ထမ်းတစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။

Real Onigokko(リアル鬼ごっこ) ရုပ်ရှင်ထဲက Mariko Shinoda , 2015

AKB48 အဖွဲ့ထဲကို Mariko Shinoda ရောက်လာဖို့ ကြံမ္မာဖန်လာပုံက နည်းနည်းဆန်းတော့ သူ့ကိုအားပေး မယ့် ပရိတ်သတ်တွေအတွက်လည်း ကံထူးတယ်လိုဆိုရမလိုပါပဲ။ Shinoda က ၂၀၀၅ ခုနှစ်တုန်းကကျင်းပတဲ့ အသံ စစ်ဆေးပွဲမှာမအောင်တော့ အဲဒီ AKB48 အဖွဲ့ပိုင် ပြဇာတ်ရုံထဲမှာပဲ အချိန်ပိုင်းအလုပ်သမလေးအဖြစ် စတင်ခြေချခဲ့ရ ပါတယ်။ အဲဒီကမှတဆင့် သူ့ကိုအားပေးတဲ့ ပရိတ်သတ်တွေ၊ ထောက်ခံအားပေးသူတွေကြားထဲ တစ်စထက်တစ်စ နာမည်ရလာခဲ့သူဖြစ်ပါတယ်။ သူ့ပရိတ်သတ်တွေက သူ့ကိုအားပေးနေသူတွေရှိကြောင်းပြဖို့ဆိုပြီး အဖွဲ့တွင်း အပတ် စဉ် လူကြိုက်များမှုမဲစာရင်းတွေ ကောက်ယူတဲ့အခါ လက်ရေးနဲ့ရေးထားတဲ့မဲတွေပေါ်မှာ Shinoda ရဲ့ နာမည်ကို ရေးသားတင်ပြလာကြတဲ့အခါမှာတော့ ထုတ်လုပ်သူ Akimoto က သတိထားမိလာခဲ့ပါတယ်။ အဲဒီလိုနဲ့ သူ့ကိုထုတ် ဝယ်သူဘက်က ဒုတိယအကြိမ်အခွင့်အရေးပေးဖို့ဖြစ်လာပြီး Shinoda ကလည်းဒီ အခွင့်အရေးကို ဝမ်းသာအားရ လက်ခံခဲ့ပါတော့တယ်။ နောက်ပိုင်းမှာတော့ Shinoda ဟာ အဖွဲ့ရဲ့အခရာကျတဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပြီး ယနေ့ အချိန်အထိ လူကြိုက်အများဆုံးအဆိုတော်တွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ အဖွဲ့ထဲက ပညာစုံလို့ထွက်ခွာလာခဲ့ပြီး နောက်ပိုင်းမှာလည်း အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်အဖြစ်သာမက သရုပ် ဆောင်ကောင်းတစ်ယောက်အဖြစ်ပါ လမ်းဖောက်နိုင်ခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင်အဝတ်အစားအမှတ်တံဆိပ်ကိုပါ သတ်မှတ် ထူထောင်ထားနိုင်ခဲ့ပါတယ်။ ဒီလိုချီးကျူးစရာကောင်းတဲ့ သရုပ်ဆောင်အရည်အချင်းတွေ ရှိနေရုံပဲလားဆိုတော့ ဒါတင် မကသေးပါဘူး ကျောထဲစိမ့်သွားလောက်အောင ကြောက်စရာကောင်းတယ်ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား Real Onigokko ထဲမှာလည်း ကျွန်မတို့မြင်ဘူးနေကျမဟုတ်တဲ့ Shinoda ရဲ့ အခြားတစ်ဘက်ခြမ်းကို မြင်တွေ့ကြရပါလိမ့် မယ်။

For Love’s SAKE(恋のしずく) ရုပ်ရှင်ထဲက Rina Kawaei , 2018

Rina Kawaei က AKB48 အဖွဲ့ထဲမှာ ၂၀၁၀ ကနေ ၂၀၁၅ အထိ ၅ နှစ်လောက်သာ ကြာခဲ့သူဆိုပေမယ့် အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ပြီး အထူးသဖြင့် သရုပ်ဆောင်လောကမှာ တော်တော်လေး ထွန်းပေါက်ခဲ့သူဖြစ်ပါတယ်။ အခုဆိုရင် သူဟာဂျပန်နိုင်ငံရဲ့တက်သစ်စ အတော်ဆုံးသရုပ်ဆောင် တွေထဲကတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်နဲ့ တီဗွီဇာတ်လမ်းအမြောက်အများမှာ အဓိကသရုပ်ဆောင်နေရာတွေကနေ ပါဝင် သရုပ်ဆောင်နေရသူဖြစ်နေပါပြီ။ For Love’s SAKE ဇာတ်ကားထဲမှာဆိုရင် Kawaei ဟာ ယမကာသောက်သုံးစရာ လက်မှုပစ္စည်းတွေထုတ်လုပ်ရာ ဂျပန်နိုင်ငံရဲ့ တောနယ်လေးတစ်ခုကို စေလွှတ်ခံရတဲ့ မြို့သူမိန်းကလေးတစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။ သိပ်ဘဝင်မကျလှတာမို့ ခရီးစဉ်ကိုစိတ်မပါလက်မပါ စတင်ခဲ့ပေမယ့် နယ်ခံလူတွေနဲ့တွေ့ ရလေလေ လက်မှုပစ္စည်းတွေကို နှစ်သက်ရကောင်းမှန်းသိလာလေလေ ဖြစ်လာခဲ့တဲ့အကြောင်း သရုပ်ဆောင်ထား တာဟာဆိုရင် Kawaei ရဲ့ အကောင်းဆုံးသရုပ်ဆောင်ချက်တွေထဲက တစ်ခုအဖြစ်သတ်မှတ် ချီးကျူးခံခဲ့ရပါတယ်။

The Brat!(くそガキの告白) ရုပ်ရှင်ထဲက Haruka Nakagawa , 2012

ယနေ့အချိန်အထိ “အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်အကြီးဆုံး ဂျပန်လူမျိုးအနုပညာရှင်” အဖြစ်သတ်မှတ်ခံရတဲ့ Nakagawa ဟာ AKB48 အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး သူ့ရဲ့အနုပညာလမ်းကြောင်းဟာလည်း မထင်မှတ်တဲ့ အလှည့်ပြောင်းနဲ့ ပိုကောင်းတဲ့ဘက်ကို ဦးတည်ခဲ့ပါတယ်။ သူက AKB48 အဖွဲ့ထဲကို ၂၀၀၆ ခုနှစ် သူ့အသက် ၁၄ နှစ် ပြည့်ချိန်မှာ တတိယမျိုးဆက်အနေနဲ့ ဝင်ရောက်ခဲ့ပြီး ၂၀၁၂ မှာတော့ တည်ထောင်ကာစ အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည် ကျော်မိန်းကလေးအဆိုတော်အဖွဲ့ဖြစ်တဲ့ Akihabara အဖွဲ့နဲ့ ပူးပေါင်းဖို့အတွက် နိုင်ငံခြားကိုထွက်ခွာခဲ့ပါတယ်။ ခင်မင် ဖော်ရွေတတ်ပြီး အကောင်းမြင်စိတ်ရှိတဲ့ ဝါရင့်မိန်းကလေး အဆိုတော်တစ်ဦးဖြစ်တာနဲ့အညီ လုပ်ဖော်ကိုင်ဖက်အဖွဲ့ ဝင်တွေအပေါ်မှာ စိတ်ပါလက်ပါ ပံ့ပိုးပေးတတ်တဲ့သူဖြစ်တာကြောင့် အင်ဒိုနီးရှားနိုင်ငံမှာလည်း သူမဟာ နာမည်ကျော် လူကြိုက်များသူတစ်ဦးဖြစ်လာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အဖွဲ့ကထွက်ခွာခဲ့ပြီးနောက်ပိုင်း တစ်ကိုယ်တော် ခွေတစ်ခွေ ထုတ်နိုင်ခဲ့ရုံမက သရုပ်ဆောင်လောကထဲထိပါ ခြေချနိုင်ခဲ့ပါတယ်။ တစ်စထက်တစ်စ အရွယ်ရောက်ကြီးပြင်းလာတဲ့ ဂျပန်လူငယ် ရုပ်ရှင်ဒါရိုက်တာတစ်ဦးရဲ့ အတွေ့အကြုံတွေကိုအခြေခံပြီး ရိုက်ကူးထားတဲ့ The Brat! ဆိုတဲ့ ဟာသ ဇာတ် မြူးရုပ်ရှင်ကားထဲမှာဆိုရင် ဇာတ်ပို့တစ်ဦးအနေနဲ့ သရုပ်ရတယ်ဆိုပေမယ့် အရေးပါတဲ့ ဇာတ်ကောင်တစ်ဦး အဖြစ် ပါဝင်နိုင်ခဲ့ပါတယ်။

AKB48 အဖွဲ့ဝင်တွေဟာ နိုင်ငံကျော်အဆိုတော်တွေဖြစ်ရုံမက ရည်မှန်းချက်ကြီးတဲ့ စွယ်စုံရအနုပညာရှင် တွေဖြစ်ကြောင်း ကမ္ဘာကြီးကို သူတို့ရဲ့ပင်ကိုယ်အစွမ်းအစတွေနဲ့ ချပြနိုင်ခဲ့ကြပါတယ်။ ကျွန်မတို့အနေနဲ့ကတော့ သူတို့တွေရဲ့ ဒီလိုအကောင်းတကာ့ အကောင်းဆုံးအနုပညာအရည်အချင်းတွေကို မြင်တွေ့ခဲ့ကြရပြီးပြီဆိုပေမယ့် လည်း သူတို့ချမပြရသေးတဲ့အရာတွေကိုလည်း စောင့်မကြည့်ဘဲ မနေနိုင်လောက်အောင် စိတ်အားထက်သန်နေကြ ပါသေးတယ်။

Rose Haneda ရေးသားသည်

RECOMMEND POSTS

GENERAL
MULTIPLE LANGUAGE
၂၀၁၈ မှာ လူတိုင်း ပါးစပ်ဖျားက ဂျပန်ရုပ်ရှင် ၅ ကား၊ အပိုင်း ၁
စက်တင်ဘာ 21, 2018
စိတ်လှုပ်ရှားစရာ ဇာတ်ကားတွေ၊ စိတ်ခွန်အားဖြစ်စေပြီး နောက်ထပ် ဖြစ်ရပ်မှန်တစ်ခုစီ စိတ်ကူးယဉ် ခရီးနှင် စေ
ANIMATION
ဂျပန်အန်နီမေး၊ မန်ဂါရုပ်စုံများကို စိတ်ကူးပုံဖော်ရိုက်ကူးသော ရုပ်ရှင် ၅ ကား
ဧပြီ 26, 2019
နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတစ်ခုသည် တန်ဖိုးထား လူကြိုက်များသော ဂျပန်မန်ဂါရုပ်စုံ၊ အန်နီမေး ပုံပြင်များက
LIFESTYLE
MULTIPLE LANGUAGE
“ကမ်းပိုင်း! အားလုံး​သောဆာ​ကေးချစ်​သူများအတွက်”​ တွင်​မြင်​​တွေ့ရ​သော
ဒီဇင်ဘာ 10, 2018
ဒီ​နွေး​ထွေးပျူငှာတဲ့ မှတ်​တမ်းတင်​ဇာတ်​လမ်းတိုမှာ ဆာ​ကေးသည်​​ သောက်​စရာတစ်​ခုထက်​ပို​ကြောင်းြေ
ページトップへ