TOP > ALL > LIFESTYLE > အကြိုက်ဆုံး ဂျပန်ရိုမန့်တစ်ရုပ်ရှင် ၅ ကားနှင့် ချစ်သူများနေ့မှာ အချစ်များကို ဖြန့်ဝေကြရအောင်။
LIFESTYLE

အကြိုက်ဆုံး ဂျပန်ရိုမန့်တစ်ရုပ်ရှင် ၅ ကားနှင့် ချစ်သူများနေ့မှာ အချစ်များကို ဖြန့်ဝေကြရအောင်။

ချစ်ခြင်းတရားက သင့်ပတ်ဝန်းကျင်မှာ ….. နှင့် ဖန်သားပြင်မှာ

ဖေဖော်ဝါရီလကိုရောက်ရှိသည်နှင့် ချစ်စရာကောင်းသောအရုပ်များ၊ နှင်းဆီပန်းများ၊ ပို့စကတ်များနှင့် အပြင် အဆင်တွေကို သတိထားမိမှာပါ။ ရိုမန့်တစ်ဆန်သော ပတ်ဝန်းကျင်ကနေတဆင့် မကြာခင်မှာ ချစ်သူများနေ့ရောက် တော့မှာကို သင်သိနိုင်မှာပါ။ ရိုမန့်တစ်ဆန်တဲ့ အားလပ်ရက်ကို ဘယ်လိုကုန်ဆုံးကြသလဲဆိုတဲ့နည်းကတော့ နိုင်ငံတ ကာမှာ တူညီတဲ့ အခြေခံတစ်ခုရှိကြပါတယ်။ တကယ်တမ်းက နိုင်ငံတော်တော်များများက အံ့သြစရာတစ်ခုနှစ်ခုကို ဖုံးကွယ်ထားပါတယ်။ သာမာန်ကိစ္စတွေကို အံ့သြစရာဖြစ်စေတာကတော့ ဂျပန်ကို ဖယ်ထားလို့မရပါဘူး။ အမျိုးသမီး တွေက သူတို့ရဲ့အမှတ်အသားတွေကို မိတ်ဆွေအပေါင်းအသင်းနှင့် ဆွေမျိုးတွေကိုပေးပြီး ပါဝင်ဆင်နွဲကြပါတယ်။ အဲ့ဒါကတော့ အခြားမဟုတ်ပါဘူး ချောကလက်ပါပဲ။

ယနေ့ခေတ်ဂျပန်တွေရဲ့ ချစ်သူများနေ့ဆင်နွဲကြပုံ စတင်လာခဲ့သည်မှာ ၁၉၃၆ ခုနှစ်ကဖြစ်ပြီး နာမည်ကြီး မုန့်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Morozoff ကုမ္ပဏီက အင်္ဂလိပ်သတင်းစာတစ်ခုမှာ ချစ်သူများနေ့မှာ ချောကလက်ဝယ်ယူကြဖို့ ဖိတ်ခေါ်တဲ့ ကြော်ငြာတစ်ခုထည့်တာကနေ စတင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဖြစ်ပြီး မကြာခင်မှာပဲ ၁၉၅၈ ခုနှစ်မှာ တိုကျိုအခြေစိုက် ချောကလက်ကုမ္ပဏီတစ်ခုမှ ချစ်သူများနေ့ဈေးရောင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ၀ယ်သူများကို ချောကလက်ဝယ်ယူရန် တွန်းအားပေးသည့်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီ ၃ ရက်တာကျင်းပတဲ့ပွဲလေးက ချောကလက် ချောင်း ၅ ချောင်း၊ ကတ် ၅ ကတ် ရောင်းအားနည်းနည်းနဲ့ပဲ အပြီးသတ်ခဲ့ပါတယ်။ နောက်တစ်နှစ်မှာတော့ ရှင်းလင်းတဲ့ နည်းဗျူဟာဖြင့် လက်စားချေဖို့ရာ ရောက်ရှိလာခဲ့ပြန်ပါတယ်။ ဒီတစ်ခါမှာတော့ အမျိုးသမီးတွေကို ရည်ရွယ်ခဲ့ပြီး (ထိုအချိန်တွင် အမျိုးသမီးများသည် အဓိကစားသုံးသူများဖြစ်သည်။) သူတို့ကို သူတို့ရဲ့အမျိုးသားတွေအတွက် အချို လက်ဆောင်များဝယ်ယူရန် တိုက်တွန်းခဲ့ပါတယ်။ ဒီတခေါက်မှာတော့ ရောင်းအားအတော်ကောင်းခဲ့ပြီး အခြား မုန့်ကုမ္ပဏီများမှလည်း လိုက်လံဆောင်ရွက်ခဲ့ပြီး နောက်နှစ်အနည်းငယ်အတွင်းမှာတော့ သူတို့ရဲ့ကိုယ်ပိုင်ချောက လက်အမျိုးအစားတွေ ပေါ်ထွက်လာခဲ့ကြပါတယ်။

၁၉၇၀ ခုနှစ်နှောင်းပိုင်းမှာတော့ ချစ်သူများနေ့သည် ချောကလက်နှင့် တရားဝင်အချိတ်အဆက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေအား သူတို့ရဲ့ချစ်မေတ္တာနှင့် စိတ်သဘောထားကို ပြသဖို့ ချောကလက်တွေကို အသည်းအသန်ဝယ်ယူကြပါတယ်။ ရည်ရွယ်သူအတွက်ကို Honmei Choco (တကယ်ချစ်ရသူ အတွက် ချောကလက်) နှင့် အခြားသောအပေါင်းအသင်းနှင့် အမြဲကူညီထောက်ပံ့ကြတဲ့ အမျိုးသားမိတ်ဆွေများကို Giri Choco (ဘာအဓိပ္ပာယ်မှမပါသော ချောကလက်) ကို ပေးကြပါတယ်။ ယနေ့ခေတ်မှာတော့ ဒီရေပန်းစားမှုကနေ Tomo Choco (သူငယ်ချင်းအတွက် ချောကလက်) ဆိုသည့် သူငယ်ချင်းမိန်းကလေးအချင်းချင်းအတွက် လဲလှယ်ရန် ချောကလက်၊ ဒါ့အပြင် Mai Choco (မိမိအတွက် ချောကလက်) ဆိုသည့် ကိုယ့်အတွက်ပေးသည့် ချောကလက် တို့အထိ ကျယ်ပြန့်လာခဲ့ပါတယ်။ Giri Choco ပေးခြင်းက ယနေ့ခေတ်မှာတော့ တဖြည်းဖြည်းကျဆင်းလာခဲ့သော် လည်း ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတော့ ဂျပန်တစ်နိုင်ငံလုံး ချောကလက်များနှင့် ပြည့်နှက်နေပြီး လူတွေကလည်း ဒီဓလေ့ကို ဆက်လက်လုပ်ဆောင်နေတုံးပါပဲ။

သင်ဟာ တစ်ယောက်တည်းသမားဖြစ်သည်ဖြစ်စေ၊ ချောကလက်ကို စိတ်မ၀င်စားသည်ဖြစ်စေ ဒီဂျပန်ရိုမန့် တစ်ဒရမ်မာ ၆ ကားက သင့်ကို ချစ်မေတ္တာနှင့် တစ်စုံတစ်ယောက်ကို ထွေးဖက်ထားချင်တဲ့စိတ်တို့ကို ဖော်ပြမျှဝေ တယ်ဆိုတဲ့ ချစ်သူများနေ့ရဲ့ အကောင်းဆုံးသော စိတ်ခံစားမှုကို ဖြစ်စေမှာပါ။

၁။ ကျွန်တော့်ရဲ့ ပထမဆုံးအချစ်ကို သင့်ဆီအပ်နှံပါ့မယ် – 2009

ခိုတိုမိ အာအိုခိရဲ့ နာမည်ကြီးဂျပန်ကာတွန်းကို အခြေခံထားသည့် ဒီလူငယ်ရို့မန့်ကားလေးသည် အချိန်ကန့် သတ်ချက်တစ်ခုအတွင်းမှ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ တာခုမနှင့် မယုတို့ဟာ အသက် ၂၀ ပြည့်ရင် လက်ထပ်ကြမယ်လို့ အချင်းချင်းကတိသစ္စာပြုထားကြတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်ဖြစ်ကြပါတယ်။ တာခုမဟာ နှလုံးရောဂါခံစားနေရပြီး အချိန်အကန့်အသတ် တစ်ခုရှိနေလို့ပဲဖြစ်ပါတယ်။ နှစ်ဦးသားကြီးပြင်းလာခဲ့ပြီးနောက် နှလုံး ရောဂါဆိုးရွားလာခဲ့တဲ့ တာခုမတစ်ယောက် အသက် ၂၀ ထိတောင် မရှင်နိုင်တော့ဘူးဆိုတာ သိလိုက်ရပါတယ်။ အဖြစ်မှန်ကိုသိပါလျက်နှင့် သူ့အပေါ်လက်မလျော့တဲ့ မယုကို တာခုမတစ်ယောက် အဖြစ်မှန်ကို ဖုံးကွယ်ဖို့ရာ ကြိုးစား ရင်း ရှောင်နေခဲ့ပါတယ်။ မျက်ရည်ပေါက်ပေါက်ကျရတဲ့ ဒီဒရမ်မာလေးကို အရမ်းတော်တဲ့ သရုပ်ဆောင်တွေမှ ပါဝင် ထားပြီး ရင်ကွဲဝမ်းနည်းရသလောက် လှပလှတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။

သရုပ်ဆောင် –မအို အီနော့အုအဲ၊ မစခိ အိုခဒ၊ တိုရု နာကမူရ
ဒါရိုက်တာ – တာခဲဟိခို ရှင်းဂျော့

၂။ ကျွန်တော်က မနက်ဖြန်ကျရင် မနေ့ကမင်းနဲ့ ဒိတ်လုပ်မယ် – 2016

နောက်ထပ်လှည့်စားမှုတွေနဲ့ အချိန်အကန့်အသတ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းက တော့ ဘူတာရုံတစ်ရုံမှာတွေ့ဆုံခဲ့ကြတဲ့ တာကတိုရှိနှင့် အဲမိတို့နှစ်ယောက်ရဲ့ အသက်နဲ့အချစ်ဇာတ်လမ်းတစ်ခုပဲဖြစ် ပါတယ်။ တာကတိုရှိသည် မြင်မြင်ချင်းမှာပဲ အဲမိကိုချစ်မိသွားပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးတစ်ခုစတင်ခဲ့ပါ တယ်။ သို့သော် သိပ်မကြာခင်မှာ အဲမိရဲ့ ထူးခြားတဲ့အပြုအမူတစ်ခုကို တာကတိုရှိ သတိထားမိခဲ့ပါတယ်။ တစ်နေ့မှာ သူမရဲ့ဒိုင်ယာရီလေးကို တွေ့မိခဲ့ပြီး အဖြေထက် မေးခွန်းတွေသာ သူ့အတွက်ကျန်ခဲ့ပါတယ်။ အဲမိအပေါ်မှာလည်း အကျိုးသက်ရောက်မှု မနည်းခဲ့တာတော့ သေချာပါတယ်။ ဇာတ်လမ်းအဆုံးမှာတော့ မျက်ရည်တွေကျရင်း ကျွန်တော် တို့သတိပြုမိမှာကတော့ အချစ်အတွက် မဖြစ်နိုင်တာဘာမှမရှိဘူး၊ ဘာဘဲဖြစ်ဖြစ်၊ အချိန်တောင်မှပဲ ဒီခံစားမှုကိုမတား ဆီးထားနိုင်ပါဘူး ဆိုတာကိုပါပဲ။

သရုပ်ဆောင် –စိုးတ ဖူခုရှိ၊ နာနာ ခိုမဆု၊ မာဆရှိရော ဟိဂရှိဒဲ
ဒါရိုက်တာ – တာကရှိရော မိခီ

၃။ သဲနာရီ – 2008

အချိန် – ဒီတခေါက်မှာလည်း ပါလာပြန်ပါပြီ၊ သို့သော် အထက်က နှစ်ကားနဲ့မတူဘဲ ဒီတခေါက်မှာတော့ အားလုံးက ရှေ့ဆက်သွားနေမယ်၊ ကြီးပြင်းလာကြမယ်၊ အတွေးတွေ၊ အိမ်မက်တွေ၊ ခံစားမှုတွေ မှန်ကန်လာမှာဖြစ်ပါ တယ်။ ဒီအခန်းတွေကတော့ ဆွေမျိုးတွေနဲ့နေဖို့ အမေဖြစ်သူနှင့်အတူ ရှီမနဲဆိုတဲ့မြို့လေးကို ပြောင်းလာတဲ့ ၁၄ နှစ် အရွယ်ကောင်မလေး အန်းအကြောင်းပဲဖြစ်ပါတယ်။ ပြောင်းလာပြီးမကြာခင်မှာပဲ အမေဖြစ်သူက ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်သွားပြီး အန်းတစ်ယောက်ကို တစ်ယောက်တည်း အထီးကျန် လမ်းပျောက်ကျန်ရစ်ခဲ့ပါတယ်။ သူမက သူမရဲ့စိတ်ခံစားမှုတွေကို သူငယ်ချင်းတွေရဲ့ ကြင်နာမှုတွေနဲ့ ဖြေသိမ့်ခဲ့ပါတယ်။ အထူးသဖြင့် ဒိုင်းဂေါ့ဆီက ပေါ့။ သူတို့နှစ်ဦး ချစ်မေတ္တာသက်ဝင်ကြပြီး နှစ်ဦးအတူနီးစပ်ဖို့အရေး နှစ်များစွာကွာဝေးခဲ့ကြသလို အနှောင့်အယှက် များစွာကိုလည်း ကျော်ဖြတ်ခဲ့ကြရပါတယ်။

သရုပ်ဆောင် –နာအို မာဆုရှိတ၊ ခဟို၊ စိုစုခဲ အိခဲမဆု
ဒါရိုက်တာ – ရှင်းစုခဲ စတို

၎။ ရထားပေါ်ကကောင်လေး – 2005

Train Man သည် ဂျပန်ရုပ်ရှင်သမိုင်းမှာသာမက အင်တာနက်နဲ့ ဆိုရှယ်မီဒီယာသမိုင်းမှာပါ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားသည် အွန်လိုင်းရဲ့လွမ်းမိုးမှုက တစ်ခါတစ်ရံမှာ သင့်ရဲ့ဘ၀ကို အကောင်း ဘက်သို့လည်း ပြောင်းလဲသွားစေတဲ့အကြောင်း ပြသနေတဲ့ အောင်မြင်တဲ့ ၂၁ ရာစုနှစ် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

အမျိုးသားတစ်ယောက်နှင့် 2- Channel (ထိုအချိန်က နာမည်ကြီး ချက်တင်လိုင်း) အသုံးပြုသူအဖွဲ့တို့ရဲ့ အင်တာနက်ချက်တင် မက်ဆေ့ခ်ျတွေကို စုဆောင်းထားတဲ့ စာအုပ်အပေါ်မှာ အခြေခံထားတဲ့ ဇာတ်လမ်းဟာဆိုရင် ရထားပေါ်ကကောင်လေး – ရထားပေါ်က အရက်မူးသမားရဲ့ရန်ကနေ အမျိုးသမီးလှလှလေးတွေကို ကာကွယ်ပေး နေတဲ့ အသက် ၂၀ အရွယ် အိုတခုကောင်လေးအကြောင်းဖြစ်ပါတယ်။ ကောင်မလေးက သူမရဲ့ကျေးဇူးတင်စိတ်ကို ဖော်ပြဖို့ရာအတွက် ခွက်လေးနှစ်ခွက်ကို လက်ဆောင်ပေးခဲ့ပါတယ်။ ကောင်လေးဟာလည်း ကောင်မလေးအကြောင်း ကို အမြဲစဉ်းစားနေမိပါတယ်။ သမီးရည်းစားဆက်ဆံရေးနဲ့ပတ်သက်လို့ အတွေ့အကြုံမရှိတဲ့ ကောင်လေးဟာ သူရဲ့ ပူပင်သောကတွေကို အွန်လိုင်းပေါ် ဖွင့်ဟအကူအညီတောင်းခဲ့ပါတယ်။ များစွာသော “အမည်မသိအွန်လိုင်း အသုံးပြု သူတွေထံမှ” ရာချီတဲ့မက်ဆေ့ခ်ျ်တွေရရှိခဲ့ပြီး ကောင်မလေးကို ဘယ်လိုချဉ်းကပ်သင့်တယ်၊ ချိန်းတွေ့ဖို့ ဘယ်လိုပြော သင့်တယ်ဆိုတဲ့ အကြံအဥာဏ်တွေ ပေးခဲ့ကြပါတယ်။ မသိကြတဲ့သူစိမ်းတွေ တစ်ယောက်ကိုတစ်ယောက် ဘယ်လို အားပေးကြသလဲနဲ့ တကယ့်လက်တွေ့အပြင်မှာ မတွေ့ဖူးကြပေမယ့် ဘယ်လိုနီးစပ်လာကြောင်းကို ဖော်ပြနေတဲ့ လှပတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ နကာနော့ ဟီတိုရီဆိုသော ကလောင်နာမည်ဖြင့် ရေးသားခဲ့ပြီး “သူတို့ထဲက တစ်ယောက်” ဟုအဓိပ္ပာယ်ရပါတယ်။ ဒီပျော်စရာဇာတ်လမ်းလေးဟာဆိုရင် သင့်ကို အင်အားတွေရှိစေပြီး အချစ် အကြောင်းကိုလည်း ယုံကြည်စေပါလိမ့်မယ်။

သရုပ်ဆောင် –တာကယုခိ ယာမဒ၊ မိခီ နာကတနိ
ဒါရိုက်တာ – ရှောစုခဲ မူရခမိ

၅။ အခုတွေဖို့ လာခဲ့မယ် – 2004

ဒီဒရမ်မာလေးကတော့ ၀မ်းနည်းစရာကောင်းတဲ့ မိသားစု ၃ ယောက် – လင်မယားနှစ်ယောက်နဲ့ သားငယ် လေးတစ်ယောက်တို့ရဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ အမေဖြစ်သူ မီအိုတစ်ယောက် ရောဂါနဲ့ဆုံးပါးသွားပြီးနောက် အဖေ ဖြစ်သူ တာခုမိနဲ့ ကောင်လေးယူဂျိတို့ ပူဆွေးဝမ်းနည်းစွာ ကျန်ရစ်ခဲ့ပြီး သူတို့ရဲ့လစ်ဟာဆုံးရှုံးမှုကို ရင်ဆိုင်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ သူတို့စိတ်ကြံခိုင်အောင် ဖြစ်စေခဲ့တဲ့အရာတစ်ခုကတော့ နောက်နှစ် “မိုးတွေစရွာတဲ့အခါ” ပြန်လာခဲ့မယ်ဆိုတဲ့ မီအိုရဲ့ ကတိစကားပဲဖြစ်ပါတယ်။ မျှော်လင့်ချက်တွေ ထားနေပေမယ့် ဖြစ်နိုင်ခြေအရမ်းနည်းနေတဲ့ တစ်နေ့ ကတိပေးထားတဲ့အတိုင်း မီအိုတစ်ယောက် မိုးရည်ထဲမှာလျှောက်လာတာကို သူတို့နှစ်ယောက်တွေ့လိုက်ပါ တယ်။ ပြဿနာက သူတို့နှစ်ယောက်ကို မီအို မမှတ်မိတော့တာပါပဲ။ သူမမှတ်မိစေဖို့ တာခုမိတစ်ယောက် သူတို့ရဲ့ ဘ၀လေးအကြောင်းကို နှစ်ယောက်သားစတင်တွေ့ပြီး ချစ်ကြိုက်ကြတဲ့အချိန်ကစလို့ ပြန်ပြောပြခဲ့ပါတယ်။ သူ တောက်လျောက်သံသရရှိခဲ့ပြီး သူအမြဲရှာနေခဲ့တဲ့ အဖြေတစ်ခု – သူမက သူနဲ့ပျော်ရွင်တဲ့ဘ၀ကို ရရှိခဲ့သလား။ အဲ့အတွက် သူမမှာပဲအဖြေရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်မှာပါ။

သရုပ်ဆောင် –ယုခို တခဲအုချိ၊ ရှိဒို နာကမူရ
ဒါရိုက်တာ – နော်ဘုဟိရို ဒိုအိ

၆။ ကမ္ဘာမြေရဲ့အလယ်မှာ အချစ်ကို ဟစ်ကြွေးမယ် – 2004

ရောင်းရအကောင်းဆုံး ခရောချိ ခါတယာမရဲ့ Socrates in Love စာအုပ်ကို အခြေခံထားသော ကမ္ဘာမြေရဲ့ အလယ်မှာ အချစ်ကို ဟစ်ကြွေးမယ် သည် Sekachu ဟုလည်း ဂျပန်မှာနာမည်ကြီးပြီး စတင်ထုတ်လွင့်တဲအခါမှာပဲ ၀က်ဝက်ကွဲ အောင်မြင်ခဲ့ပြီး ကြည့်ရှု့သူထောင်ချီကို မျက်ရည်စက်လက်နဲ့ ရုပ်ရှင်ရုံကနေ ထွက်ခွာစေခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ နွေးထွေးဖွယ်ဇာတ်လမ်းကြောင့်သာမက သရုပ်ဆောင်တွေရဲ့ ထူးချွန်မှုနဲ့ အဆိုတော် ခန်းဟီ ကရီရဲ့ Hitomi wo tojite (မျက်လုံးကို မှိတ်လို့) အဓိက ဇာတ်ဝင်သီချင်းတို့ရဲ့ကျေးဇူးကြောင့် ယနေ့ထက်ထိ လူကြိုက်များတဲ့ ဇာတ်ကားတစ်ကားအဖြစ် ရပ်တည်နေစဲဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ အသက်တွေကြီးလာသော်လည်း ငယ်ချစ်ဦး အာခိနဲ့ အမှတ်တရတွေရှိတဲ့ အတိတ်မှာပဲ ပိတ်မိနေတဲ့ စခုရဲ့အကြောင်းကို ဖော်ပြထားပါတယ်။ သူတို့နှစ်ယောက်ဟာ အထက်တန်းကျောင်းကို အတူတူတက်ခဲ့ ကြပြီး အဲ့ဒီမှာပဲ ချစ်ကျွမ်းဝင်ကာ သမီးရည်းစားတွေဖြစ်ခဲ့ကြပါတယ်။ ဒီဆက်ဆံရေးတစ်ခု နှစ်အတော်ကြာတဲ့အခါမှာ အာခိတစ်ယောက် သွေးကင်ဆာရောဂါ ခံစားနေရတာကို သိရှိခဲ့ရပါတယ်။ အဲ့ဒီအတွက် ကမ္ဘာရဲ့အလယ်ဗဟိုလို့ သူမညွှန်းဆိုတဲ့ သြစတျေးလျကို ကျောင်းသွားမတက်နိုင်တောတဲ့သူမကို သူကိုယ်တိုင်ခေါ်သွားပေးဖို့ရာ စခုဆုံးဖြတ် ခဲ့ပါတယ်။ နှစ်ယောက်အတူသွားဖို့ရာ မဖြစ်နိုင်ခဲ့ပေမယ်လည်း နှစ်အတော်ကြာတဲ့အခါမှာ အာခိရဲ့အိမ်မက်ကို စခု ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ကြည့်ရှု့သူအားလုံးကို မျက်ရည်ဝိုင်းစေခဲ့တဲ့ ဒီဇာတ်ကားဟာ ရှေးကျပေမယ့်လည်း ဘယ်တော့မှ ဟောင်းမသွားပါဘူး။

သရုပ်ဆောင် –တာကအို အိုစ၀၊ မာစမိ နာဂစ၀၊ မီရအိ မိုရိယာမ၊ ခို ရှီဘစခိ၊ ယူခိ အာမမိ
ဒါရိုက်တာ – အီစအို ယူခစဒ

ဘာမှမကျန်ခဲ့ပေမယ့် ရင်နာဖွယ်အဆုံးသတ်ကိုပေးခဲ့တဲ့ ဂျပန်ရိုမန့်တစ်ဒရမ်မာ – ဒီဇာတ်ကား ၆ ကားအပါ အ၀င် – ဖြူစင်မှု၊ အကန့်အသတ်မရှိတဲ့အချစ်ကိုဖော်ပြနေတဲ့ ဒီဇာတ်ကားတွေက မျိုးဆက်တစ်ခုပြီးတစ်ခုဆီ ဆင်းသက်ရောက်ရှိစေခဲ့ပါတယ်။ ဒီချစ်သူများနေ့မှာ သင်ဘယ်ရောက်နေပါစေ ပေါက်ပေါက်ဆုတ်တစ်ဘူးနဲ့ တစ်ရှူး တစ်ဘူးကိုင်ပြီး ဒီဇာတ်ကားတွေကို ခံစားကြည့်သင့်ပါတယ်။

စာသား – ဂျပန်ရုပ်ရှင်ပွဲတော်တည်းဖြတ်ရေးအဖွဲ့

RECOMMEND POSTS

GENERAL
MULTIPLE LANGUAGE
ခွေးချစ်သူတိုင်းကြည့်သင့်သည့် နွေးထွေးဖွယ် ဂျပန်ရုပ်ရှင် ၆ ကား
ဒီဇင်ဘာ 21, 2018
ဂျပန်နိုင်ငံသည် ကြောင်ချစ်သောနိုင်ငံအဖြစ် လူသိများသော်လည်း (နိုင်ငံတစ်ဝှမ်း ကြောင်ကော်ဖီဆိုင်များ ပေ
SHOWBIZ
ပရိတ်သတ်အချစ်တော် အဆိုတော်အဖွဲ့အနေနှင့်သာမက ရုပ်ရှင်လောကတွင်ပါ ဦးဆောင်နေသည့် AKB48
မေ 17, 2019
တေးသံသွင်းလုပ်ငန်းရဲ့ ထုတ်လုပ်သူတစ်ဦးဖြစ်သူ Yasushi Akimoto က AKB48 အဆိုတော်အဖွဲ့ရဲ့ ပထမ မျိုးဆက်ကု
ANIMATION
ဂျပန်အန်နီမေး၊ မန်ဂါရုပ်စုံများကို စိတ်ကူးပုံဖော်ရိုက်ကူးသော ရုပ်ရှင် ၅ ကား
ဧပြီ 26, 2019
နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတစ်ခုသည် တန်ဖိုးထား လူကြိုက်များသော ဂျပန်မန်ဂါရုပ်စုံ၊ အန်နီမေး ပုံပြင်များက
ページトップへ