TOP > ALL > GENERAL > ကမ္ဘာက ဟီရိုကဇု ခိုရဲ-အဲဒအပေါ် ရူးသွပ်ရသည့်အကြောင်းအရင်း
GENERAL

ကမ္ဘာက ဟီရိုကဇု ခိုရဲ-အဲဒအပေါ် ရူးသွပ်ရသည့်အကြောင်းအရင်း

မိသားစုနှောင်ကြိုး၊ မမြင်တွေ့နိုင်သောလူ့အဖွဲ့အစည်းနှင့် ဘယ်တော့မှမသိနိုင်သောအမှန်တရားစသည်ကို ဖော်ထုတ်ပြနိုင် သောစွမ်းရည်

လွန်ခဲ့သောနှစ်တွေကို ပြန်ကြည့်လိုက်မည်ဆိုလျှင် ၂၀၁၈ ခုနှစ်သည် ဂျပန်ရုပ်ရှင်လောကရဲ့ မှတ်ကျောက်တစ်ခုလို့ တောင် ပြောနိုင်ပါတယ်။ ခီရင်း ခီခီတို့ ဟာရုအဲ့ အာကဂိလိုမျိုး နာမည်ကြီး ၀ါရင့်ရုပ်ရှင်မင်းသမီးတွေ ကွယ်လွန်သွားတာဟာဆို ရင် ဂျပန်ရုပ်ရှင်လောကအတွက် ကြီးမားတဲ့အနာတစ်ခုကို ဖြစ်စေခဲ့ပါတယ်။ တဖက်မှာတော့ ဘက်ဂျက်နည်းနည်း zombie ရုပ်ရှင်တစ်ခုဖြစ်သော်လည်း ၀က်ဝက်ကွဲအောင်မြင်ခဲ့တဲ့ စင်ဒရဲလားပုံပြင်လိုမျိုး One Cut of the Dead ကင်မရာကို မရပ် လိုက်နဲ့၊ 3D ဂေါ်ဇီလာရုပ်ရှင် (Godzilla: City on the Edge of Battle နှင့် Godzilla: The Planet Eater) နှင့် ယန်း ၉.၂၂ ဘီလီယံအမြတ်ရရှိခဲ့ပြီး box – office revenue မှာ နံပါတ် ၁ ချိတ်ခဲ့တဲ့ Code Blue: Doctor Heli စတဲ့ များစွာသော အောင် မြင်ကျော်ကြားတဲ့ ခေါင်းစဉ်တွေကို ပိတ်ကားထက်မှာ တွေ့မြင်ခဲ့ရပါတယ်။

သို့သော် ဂျပန်ရုပ်ရှင်လောကအတွက် နိုင်ငံအတွင်းမှာကော နိုင်ငံတကာမှာပါ အောင်ပွဲခံခဲ့တဲ့ သတင်းတစ်ခုကတော့ မေလပိုင်း ကိန်းရုပ်ရှင်ပွဲတော်ပဲဖြစ်ပါတယ်။ ဒါရိုက်တာ ဟီရိုကဇု ခိုရဲ-အဲဒက သူ့ရဲ့ Shoplifters အလစ်သုတ်မိသားစု ဇာတ် ကားဖြင့် အမြင့်ဆုံးဆုဖြစ်တဲ့ Palme d’Or ကို ဆွတ်ခူးခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်။ ဒီမှတ်ကျောက်ဟာဆိုရင် အာခိရ ခုရိုစ၀ခေတ် နောက်ပိုင်း သိပ်မတွေ့ရတော့တဲ့ နိုင်ငံတကာက ဂျပန်ရုပ်ရှင်ပေါ်အမြင်တွေကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အချိန်အတော် အကြာ သတင်းထွက်နေတဲ့ ကိစ္စတစ်ခုကိုလည်း သက်သေပြနိုင်ခဲ့ပါတယ်။ ခိုရဲ-အဲဒရဲ့ လုပ်ဆောင်ဖန်တီးမှုတွေက ထင်ရှားမြင် သာတယ် ဘာလို့လဲဆိုတော့ သူတို့ဟာ ကြည့်ရှု့သူတွေကို စိတ်ဝင်စားမှု၊ လွတ်လပ်မှုထက်ကျော်လွန်တဲ့ နည်းလမ်းတစ်ခုနဲ့ ဆက်သွယ်နေတယ် – သူတို့ဟာ လူရဲ့ဖြစ်တည်မှုကို အရမ်းထင်ဟပ်နေကြတယ်။

ဒါပေမယ့် ဘာတွေက ခိုရဲ-အဲဒရဲ့ဖန်တီးမှုတွေကို ဖမ်းစားစေတာလဲ၊ ဘာကြောင့် ကျွန်တော်တို့တွေက သူရဲ့ဇာတ် လမ်းထဲမှာ ကိုယ့်ကိုကိုယ်လိုက်ရှာနေကြတာလဲ။ သူရဲ့ဖန်တီးမှုတွေထဲမှာ အမြဲပုံသေ “ဘာ” ဆိုတဲ့ မေးခွန်းတစ်ခုပါနေသလား။ ဒါမှမဟုတ် အခြားသူတွေ သူတို့ကိုယ်တိုင် လက်ညှိုးထောက်မပြရဲတဲ့ ဂျပန်နိုင်ငံရဲ့တဖက်ခြမ်းကိုဖော်ပြဖို့ သူကြိုးစားတာလား။ ဒါမှမဟုတ် အခြားဆန့်ကျင်ဘက်တစ်ခု – နယ်နိမိတ်တွေ၊ ဘာသာစကား နံရံတံတိုင်းတွေနှင့် ယဉ်ကျေးမှုတွေကို ကျော်လွန်ပြီး ကျွန်တော်တို့အားလုံးအလိုလို တူညီတဲ့ဘ၀စိန်ခေါ်မှုတွေနဲ့ လူသားတစ်ယောက်အနေနဲ့ စိတ်ခံစားချက်တွေရှိကြောင်းကို ဖော်ထုတ်ပြဖို့ ကြိုးစားနေတာလား။ သင်ရဲ့ဘာသာပြန်ဖွင့်ဆိုမှုက မည်သို့ပင်ဖြစ်စေ သူရဲ့ဖန်တီးမှုတွေက အချက်ကတော့ ခိုရဲ-အဲဒသည် သူ့ရဲ့ရုပ်ရှင်တွေကို ကျော်ကြားစေတဲ့ အချက်ကျတဲ့အကြောင်းရာအချက်တစ်ခုကို သေချာစွာဖော်ပြထားခြင်းဖြစ်ပါ တယ်။ မိသားစုနှောင်ကြိုး၊ မမြင်တွေ့နိုင်သော လူ့အဖွဲ့အစည်းနှင့် ဘယ်တော့မှမသိနိုင်သော အမှန်တရားတို့လည်း အဲ့ဒါတွေထဲ က အချို့အချက်တွေပဲဖြစ်ပါတယ်။

မိသားစုကို ဘာက ဖွဲ့စည်းပြုလုပ်သလဲ။

ခိုရဲ-အဲဒရဲ့ ဇာတ်လမ်းအတော်များများရဲ့ အစအ၀င်မှာ သာမာန်လူတန်းစားတွေဘ၀ကိုဖော်ပြနေတဲ့ မိသားစုဇာတ် အိမ်နဲ့ အစပြုတတ်ပါတယ်။ ဂျပန်ရုပ်ရှင်အများစုလိုမျိုး တကယ့်အက်ရှင်ခန်းတွေ၊ အသံကျယ်ကျယ်လောင်လောင်တွေ၊ အထူး ရိုက်ချက်တွေ၊ ရုတ်တရက်အကွက်တွေပြောင်းသွားတာမျိုးမပါတာကို တွေ့ရမှာပါ။ အဲ့ဒီအစား သာမာန်အခက်အခဲတွေ၊ ခံစား ချက်တွေနဲ့ အမှတ်တရတွေကနေတဆင့် ကျွန်တော်တို့ကိုလည်း မိသားစုနဲ့အတူ လက်တွဲသွားနိုင်ဖို့ရာ ဖိတ်ခေါ်သွားမှာပါ။

ဥပမာ Our Little Sister (ပင်လယ်မြို့ဒိုင်ယာရီ) မှာဆိုရင် သူတို့ရဲ့ အိမ်ထောင်ကွဲ၊ မိဘတွေနဲ့ကွာဝေးနေတဲ့ အရွယ် ရောက်ညီအစ်မသုံးယောက် အိမ်ကြီးတစ်အိမ်မှာ သာမာန်ဘ၀လေးကို အတူတူဖြတ်သန်းနေထိုင်ကြပုံကို တွေ့ရမှာပါ။ ဒီဇာတ် လမ်းအစမှာဆိုရင် ၁၅ နှစ်တာ မတွေ့ခဲ့ရတဲ့၊ မိသားစုကိုပြိုကွဲစေခဲ့သူလို့ အပြစ်တင်ခံရတဲ့ သူတို့ဖခင်ရဲ့ အသုဘအခမ်းအနားနဲ့ စတင်ထားပါတယ်။ သူတို့ဖခင်ဟာဆိုရင် အခြားအမျိုးသမီးတစ်ဦးနဲ့ ချစ်ကျွမ်းဝင်ပြီး သူ့ရဲ့သမီးသုံးဦးကိုစွန့်ပစ်ကာ တစ်နယ် ပြောင်း ဘ၀ထူထောင်ခဲ့သူဖြစ်ပါတယ်။ အဲ့ဒီအသုဘအခမ်းအနားမှာပဲ သူ့တို့ဖခင်ရဲ့ ဒုတိယအိမ်ထောင်က သမီး၊ သူတို့ရဲ့ဖအေ တူအမေကွဲညီမ ၁၅ နှစ်အရွယ် စုဇုနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာ စုဇုက သူတို့ညီအစ်မအိမ်ကို ပြောင်းလာကာ ကိုယ်စီ အခက်အခက်တွေ၊ သံသရတွေ၊ ရုန်းကန်မှုတွေနဲ့ လေးယောက်သားအတူ ဘ၀သစ်နေထိုင်ခဲ့ပုံကို ပုံဖော်ထားပါတယ်။

ဒီဇာတ်လမ်းတစ်ရှောက်မှာ တကယ့်မိသားစုကို ဘာတွေနဲ့ပြုလုပ်ဖွဲ့စည်းထားတယ်ဆိုတဲ့အချက်ကို ပုံစံအမျိုးမျိုးနဲ့ ပြသသွားခဲ့ပါတယ်။ မိခင်နေရာကို ပုံဖော်ထားတာက အမေမဟုတ်ပါဘူး (အမျိုးသားရဲ့ သစ္စာဖောက်မှုကိုခံရပြီး သမီးတွေကို ချန်ရစ်လို့ မြို့ကထွက်ခွါကာ ဟော့ကိုင်းဒိုးကို ထွက်သွားသောအမေ) အကြီးဆုံးအစ်မဖြစ်တဲ့ စချိပါပဲ။ မိဘကပဲ သားသမီးအ တွက် အမြဲတာဝန်ယူရတဲ့ ပြီးပြည့်စုံတဲ့ မိသားစုရဲ့ပုံရိပ်ကို စိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်။ သို့သော် ခိုရဲ-အဲဒရဲ့ ရုပ်ရှင်က များစွာ သောမေးခွန်းတွေကို ကျွန်တော်တို့တွေ ခံစားစဉ်းစားမိခဲ့ပါတယ်။ မိသားစုဆိုတာ သွေးနဲ့တည်ဆောက်တာလား ချစ်မေတ္တာနဲ့ တည်ဆောက်တာလား။ ဒီရုပ်ရှင်မှာ ခိုရဲ-အဲဒနဲ့ သူ့ရဲ့ဇာတ်ကောင်တွေကို သွေးနဲ့ချည်နှောင်ဖွဲ့စည်းသွားတယ်ဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း တွေ့ရမှာဖြစ်ပါတယ်။

Shoplifters အလစ်သုတ်မိသားစုဟာဆိုရင် ခိုရဲ-အဲဒရိုက်ကူးခဲ့တဲ့ Like Father, Like Son (ဒီလိုနဲ့ပဲ အဖေဖြစ်လာ တယ်) ရဲ့ အဆက်အနေဖြင့် အခြားသောအချက်တွေကို ဖော်ပြထားပါတယ်။ Like Father, Like Son ဒီလိုနဲ့ပဲ အဖေဖြစ်လာ တယ် မှာဆိုရင် ကလေးမွေးစဉ်က ကလေးမှားသွားတဲ့အကြောင်း သူနာပြုဆရာမထံက ဖုန်းမလာခင်အထိ ကိုယ်စီသာမာန် ဘ၀လေးကို ဖြတ်သန်းနေကြတဲ့ မတူညီတဲ့မိသားစုနှစ်စုအဖြစ်သာ သိကြမှာဖြစ်ပါတယ်။ မွေးစဉ်ကလေးအရွယ်ကတည်းက သိကျွမ်းလာခဲ့သူကိုပဲ သားအဖြစ်ဆက်လက်မွေးရမလား ဒါမှမဟုတ် သွေးသားကိုပဲရွေးချယ်ပြီး မိဘအရင်းဆီပြန်ပို့ကာ ကလေး ပြန်လဲရမလားဆိုတဲ့အကျပ်အတည်းကို သူတို့ရင်ဆိုင်ခဲ့ရပါတယ်။ အဆုံးသတ်မှာ ဘာဖြစ်သွားသလဲ။ ဒီမေးခွန်းကတော့ ကြည်ရှု့သူတွေကို ဇာတ်လမ်းလေးကတဆင့် စဉ်းစားဖို့ရာပေးခဲ့ပါတယ်။

Shoplifters အလစ်သုတ်မိသားစုမှာဆိုရင် နောက်တခါ သွေးမတော်သားမစပ်တဲ့ သူစိမ်းတွေကို ကျွေးမွေးစောင့် ရှောက်ထားတဲ့ မိသားစုတစ်ခုနဲ့ ဇာတ်လမ်းဖွဲ့စည်းထားပါတယ်။ သူတို့ဟာ အခြေအနေအမျိုးမျိုးကြောင့် တစ်မိုးအောက်မှာ အတူနေဖို့ဖြစ်လာတဲ့ လူအမျိုးမျိုးဖြစ်ကြပါတယ်။ ဒီဇာတ်လမ်းထဲက “မိဘ” ဟာဆိုရင် ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေရောက် နေတဲ့ကလေးတွေကိုခေါ်ပြီး မိသားစုအဖြစ်ဖန်တီးကာ သူတို့ကိုယ်တိုင် ကျွေးမွေးပျိုးထောင်တဲ့ လူ့ဘောင်အဖွဲ့အစည်းမှ အပယ် ခံနှစ်ဦးသာဖြစ်ပါတယ်။ “မိသားစု” က အလစ်သုတ်ခြင်းနဲ့ အသက်ဆက်ပြီး သူတို့ရဲ့ပိုင်ဆိုင်မှုနဲ့ ပိုက်ဆံတွေဟာ ဥပဒေဘောင် ပြင်ပမှဖြစ်သော်လည်း ပျော်ပျော်ရွင်ရွင်၊ ချစ်ချစ်ခင်ခင်နဲ့ အချင်းချင်းဂရုစိုက်ဖေးမမှုတွေကို ကျွန်တော်တို့ တွေ့မြင်ရမှာဖြစ်ပါ တယ်။ သွေးသားအရကော DNA အရပါ မတော်စပ်သော်လည်း “ပြီးပြည့်စုံတဲ့” မိသားစုထက် သူတို့ ခိုင်မာတဲ့နှောင်ကြိုးကို တချက်တည်းနဲ့ပင် ချီးမွမ်းမိမှာပါ။

မိသားစုတိုင်းဟာ သွေးတော်သားစပ်မှုရှိကြတယ်လို့ ယူဆကြသောနိုင်ငံမှာ ခိုရဲ-အဲဒက မိသားစုတစ်ခုမှာ ပြောင်းလဲ မတူညီမှုတွေ များစွာရှိကြောင်းနဲ့ မေတ္တာနဲ့ ဂရုစိုက်ဖေးမမှုတွေရှိနေသရွေ့ သူတို့တွေက မထူးဆန်းကြောင်းကိုဖော်ပြဖို့ အဆက် မပြတ်ကြိုးစားခဲ့ပါတယ်။

မမြင်တွေနိုင်သော အဖွဲ့အစည်း : ကျွန်တော်တို့တွေမသိနိုင်တဲ့ဘ၀တွေကို မီးမောင်းထိုးပြနေပါတယ်

နောက်ထပ် ခိုရဲ-အဲဒရဲ့ဖန်တီးမှုတွေမှာ အမြဲပါဝင်ဖော်ပြနေတဲ့အချက်ကတော့ သတင်းတွေမှာ ထင်ရှားပေါ်လွင်လေ့မ ရှိတဲ့ အကြောင်းအရာ၊ အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။ ဆင်းရဲတွင်းနက်ပုံနဲ့ လူ့အသိုင်းအ၀ိုင်းအပယ်ခံတို့ရဲ့အကြောင်းကို Shoplifters အလစ်သုတ်မိသားစုတွင်လည်းကောင်း၊ ဆေးလောက၏ အမှားအယွင်းတို့ကို Like Father, Like Son ဒီလိုနဲ့ပဲ အဖေဖြစ်လာတယ်တွင်လည်းကောင်း၊ မျက်ကွယ်ပြုခံရတဲ့ ကလေးတွေအကြောင်းကို Nobody Knows ဘယ်သူမှမသိသော နှင့် Shoplifters အလစ်သုတ်မိသားစုတွင်လည်းကောင်း၊ အိမ်ထောင်ပြိုကွဲ ကလေးတွေ တကွဲတပြားဖြစ်ရတဲ့အကြောင်းကို After the Storm (ပင်လယ်ထက်ပို၍ နက်ရှိုင်းသော) တွင်လည်းကောင်း၊ သာမာန်မဟုတ်သော ချစ်မေတ္တာကျွမ်းဝင်မှု အကြောင်းကို Air Doll (လေအရုပ်မ) တွင်လည်းကောင်း တွေ့မြင်နိုင်ပါတယ်။

ဂျပန်ရုပ်ရှင်တော်တော်များများဟာ ရောင်းအားအကောင်းဆုံးသော ကာတွန်း သို့မဟုတ် ၀တ္ထုတွေကို ဇာတ်အခြေခံ ထားတာဖြစ်သော်လည်း ခိုရဲ-အဲဒရဲ့ ဇာတ်တွေကတော့ တကယ့်သတင်းနဲ့ အဖြစ်အပျက်တွေအပေါ် အခြေခံထားလို့ နာမည် ကြီးပါတယ်။ ပြီးတော့ ကျွန်တော်ပတ်ဝန်းကျင် (မီဒီယာတွေ) မှာ တိုးတိုးတိတ်တိတ်ဖြစ်ပျက်နေတဲ့ ၀မ်းနည်းစရာ သာမာန်ဘ၀ တွေနဲ့ ကံဆိုးမှုတွေကို မျက်ဝါးထင်ထင်မြင်တွေ့နိုင်မှာပါ။

၂၀၀၄ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်တွင် ပြသခြင်းခံရပြီး ဒါရိုက်တာကြီးရဲ့နာမည်ကိုပါ ပြည်တွင်းပြည်ပသို့ ကျော်ကြားသွား စေခဲ့တဲ့ Nobody Knows ဘယ်သူမှမသိသောဇာတ်လမ်းသည် တိုကျိုမြို့တွင် အမှန်တကယ်ဖြစ်ပွားခဲ့သော “စုဂမို စွန့်ပစ် ကလေးအမှု” ကို ဇာတ်တည်ထားတာပဲဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်တွင်ပေါ်ပေါက်ခဲ့သော ဒီအမှုဟာဆိုရင် ဖခင်ဖြစ်သူက အိမ်ပေါ် ကဆင်းသွားပြီးနောက် မိခင်ဖြစ်သူမှလည်း ကလေး ၄ ယောက်ကို စွန့်ပစ်ထားခဲ့ခြင်းဖြစ်ပါတယ်။ ချစ်သူ့ဖြစ်သူနှင့် အတူနေထိုင် နိုင်ဖို့ရာ အိမ်ကနေထွက်သွားခဲ့တဲ့အတွက် ၉ လကြာ ကလေးတွေချည်းပဲ နေထိုင်ဖြတ်သန်းခဲ့ပုံကို အဓိကဖော်ပြထားပါတယ်။ အမှုရဲ့ဝမ်းနည်းစရာကောင်းမှုကနေတဆင့် အဲ့ဒီခေတ်က တော်တော်များများ ထုတ်ဖော်ပြခြင်းခံရခဲ့သော်လည်း စိတ်မကောင်း စွာပင် ၄င်းတို့မှာ တကယ့်အဖြစ်မှန်၍ တချို့တ၀က်မျှသာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်တွင် အိုဆာကာရှိ တိုက်ခန်းတစ်ခုမှ ကလေး နှစ်ဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုစဉ် အသက် ၂၃ နှစ်ရှိပြီဖြစ်သောမိခင်ကို ဖမ်းဆီးခဲ့ပါတယ်။ စားသောက်စရာပင် မရှိသောအခြေအနေတွင် တိုက်ပိတ်လှောင်ခြင်းခံရသည့်ကလေးနှစ်ဦး၏ သေဆုံးရသောအကြောင်းအရင်းမှာ အစာငတ်၍ သေဆုံးခြင်းသာဖြစ်ပါတယ်။ ထို့နောက် ၂၀၁၇ ခုနှစ်တွင် စိုင်းတမမှာ နေထိုင်သော အသက် ၂၀ ကျော်အရွယ် လင်မယားနှစ်ဦး မှ ကလေးအားအစာအငတ်ထား၍ သေဆုံးစေခဲ့ပါတယ်။ အလားတူအမှုအခင်းများသည် စိတ်မကောင်းစွာပင် ဇာတ်လမ်းမပြတ် ခဲ့ကြပါဘူး။

ကလေးစွန့်ပစ်ခြင်းသည် စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခြင်းပြီးနောက် တတိ ယအဆင့်လိုက်သော ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှု တစ်မျိုးသာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် အမှုပေါင်း ၂၆,၈၁၈ မှု သတင်းပို့ထားခြင်းရှိပြီး အရင်နှစ်များနှင့်နှိုင်းယှဉ်လျှင် အမှုပေါင်း ၁၀၀၀ ခန့် တိုးပွား လျက်ရှိပါတယ်။ ထိုသို့ဖြစ်ပျက်နေသော်လည်း အဓိကမီဒီယာဌာနကြီးများတွင် ထုတ်ဖော်ကြေညာခြင်းခံရသည်မှာ အဖြစ်ဆိုး ဖြင့် အဆုံးသတ်ရသည့်အခါများသာ ဖြစ်ပါတယ်။ ခိုရဲ-အဲဒသည် ဒီလိုမျိုးအမြစ်ပွားလာသော်လည်း ထုတ်ဖော်ပြခြင်းမရှိသည့် လူမှုရေးပြဿနာများကို မီးမောင်းထိုးပြခြင်းဖြင့် မီဒီယာဆိုသည့်ရေစစ်ဖြင့် လိမ္မာပါးနပ်စွာဖုံးကွယ်ထားသော ဂျပန်၏တဖက် ခြမ်းကို ပြည်ပနိုင်ငံရပ်ခြားမှ ပွဲကြည့်ပရိသတ်အား ထုတ်ဖော်ပြောပြနေခြင်းဖြစ်ပါတယ်။

Shoplifters အလစ်သုတ်မိသားစု ရုပ်ရှင်ဇာတ်ကားတွင်လည်း ကလေးစွန့်ပစ်ခြင်းသည် အဓိကခေါင်းစဉ်တစ်ခုဖြစ်ခဲ့ သော်လည်း မတူညီသောပုံသဏ္ဍန်များဖြင့် ပုံဖော်ထားပါတယ်။ ဒီနေရာမှာ လစ်လျှူရှု့ခံရခြင်းနှင့် ညှင်းပန်းနှိပ်စက်ခံရသည့် သားကောင်ဖြစ်သည့်ကလေးငယ်က “ပစ်မှုကျူးလွန်သူများ” ၏ ထိန်းသိမ်းခြင်းကိုခံရပြီး ပျော်ရွင်စွာ နေထိုင်ဖြတ်သန်းကြသည့် နွေးထွေးမှုရှိသည့်အိမ်ကို ရရှိစေခဲ့ပါတယ်။ ကျွန်တော်တို့ကြည့်ရှု့သူပရိတ်သတ်ဆီ တဖန်မေးခွန်းတစ်ခု ရောက်လာပြန်ပါတယ်။ ပြစ်မှုဆိုတာ ဘာလဲ။ ပြစ်ဒဏ်ဆိုသည်ကကော ဘာလဲ။ ပြီးတော့ လူ့ဘောင်အဖွဲ့အစည်းရဲ့ တကယ့်လူဆိုးက ဘယ်သူလဲ။

၂၀၁၈ ခုနှစ်တွင်ပြုလုပ်ခဲ့သော အင်္ဂလိပ်ဘာသာ လုပ်ငန်းမဂ္ဂဇင်း Screen International အွန်လိုင်းထုတ် Screen Daily မှ အင်တာဗျူးတွင် ခိုရဲ-အဲဒသည် Shoplifters အလစ်သုတ်မိသားစုဟာလည်း တကယ့်အဖြစ်အပျက်ကို အခြေခံခဲ့ ကြောင်း ဖွင့်ဟခဲ့ပါတယ်။ မိဘဆုံးပါးသွားသည်ကို ဖုံးကွယ်ထားပြီး ကျန်ရစ်မိသားစုမှ တရားမ၀င် ပင်စင်ကြေးတွေကို ထုတ်ယူ နေခဲ့သည့် လိမ်လည်အမှုအခင်းသာဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့တတွေ ဒီလိုသတင်းမျိုးကို ကြားရသည့်အခါ မိသားစုရဲ့ အခြေအနေ၊ ပြစ်မှုကိုကျူးလွန်ခဲ့ရသည့် အဖြစ်အပျက်၊ ထိုအချိန်က စိတ်ပိုင်းဆိုင်ရာအခြေအနေစသည့် အမျိုးမျိုးသော အကြောင်းအရင်းဖြစ်စဉ်ကို သိရှိသူမှာ အတော်ပင်ရှားပါးကြပါတယ်။

“ဂျပန်မှာ လွန်ခဲ့သော ၅ နှစ်အတွင်းမှာ အဆင့်အတန်းကွာခြားမှုကျယ်ပြန့်လာပြီး သတ်မှတ်ထားသင့်သည့် Safety Net လုံခြုံမှုကွန်ယက်မှ ယိုစိမ့်ထွက်လာသည့်လူများ တိုးပွားလျက်ရှိပါတယ်” လို့ ခိုရဲ-အဲဒမှ ပြောကြားခဲ့ပါတယ်။

ပြစ်မှုနှင့်ပြစ်ဒဏ် – ပြစ်မှုနှင့်ပတ်သက်ပြီး ကျွန်တော်တို့တွေက ဘာတွေကို သိထားသလဲ။

ခိုရဲ-အဲဒမေးထားတဲ့ နောက်မေးခွန်းတစ်ခုကတော့ Shoplifters အလစ်သုတ်မိသားစုမတိုင်ခင် ရိုက်ကူးပြီး ၂၀၁၇ ခုနှစ်တွင် ပြသခဲ့သည့် The Third Murder (တတိယအကြိမ်မြောက် လူသတ်မှု) မှာ ဖော်ပြထားပါတယ်။ အရင်ရုပ်ရှင်ဇာတ် ကားများနှင့် မတူညီတဲ့အချက်ကတော့ ဒီဇာတ်ကားမှာ ပြစ်မှုနှင့်ကိုယ်ချင်းမစာနာမှု၊ သေဒဏ်၊ အကောင်းအဆိုးကို ဆုံးဖြတ် ခြင်းကိုပြုလုပ်သည့် လူတစ်ယောက်ရဲ့စိတ်တို့ကို ဦးစားပေးဖော်ပြထားပါတယ်။

ရက်စက်သောလူသတ်မှုကို နှစ်ကြိမ်ကျူးလွန်ထားသည်ဟုဝန်ခံထားသော အမျိုးသားတစ်ဦး။ အပြစ်ရှိကြောင်း ဆုံး ဖြတ်ချက်ချခံရပါက သေဒဏ်ကျခံရမည်မှာ အတော်သေချာနေပြီဟု ပြောကြသော်လည်း သူကျူးလွန်ခဲ့သောပြစ်မှုသည် သွေး အေးရက်စက်သည့်အပြင် နားမလည်နိုင်သော သို့မဟုတ် အကြောင်းကျိုးမဆက်စပ်သောကြောင့် ရဲများခေါင်းစားခဲ့ရပါတယ်။ သို့သော် အနိုင်လိုချင်သောရှေ့နေက ၄င်းအမျိုးသားရဲ့ရှေ့နေအဖြစ် တာဝန်ယူသည့်အခါမှစ၍ အခြေအနေသည် စတင်ပြောင်း လဲလာခဲ့ပါတယ်။ အမျိုးသားသည် ၀န်ခံချက်တွေကို တဖြည်းဖြည်းပြောင်းလဲခဲ့ပြီး ပြစ်မှုရဲ့ဦးတည်ချက်သည် အားလုံး (ကျွန်တော်တို့ ပွဲကြည့်ပရိသတ်အပါအ၀င်) အတွက် ပိုရှုတ်ထွေးကာ နားလည်ရခက်စေခဲ့ပါတယ်။ ဇာတ်ရှိန်တက်လာသည်နှင့် အမျှ ကျွန်တော်တို့ခေါင်းထဲမှာ များစွာသောမေးခွန်းသံသယတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီမေးခွန်းတွေနဲ့ ပတ်သက်တဲ့အဖြေကို ဇာတ်လမ်းရဲ့ နောက်ဆုံးရဲ့ နောက်ဆုံးအချိန်အထိ ရှာတွေ့မှာမဟုတ်လောက်ပါဘူး။ အမျိုးသားသည် အတိတ်ကကျူးလွန်ခဲ့တဲ့ ပြစ်မှုကြောင့် အပြစ်ခံရမှာလား။ လူသတ်ခြင်းဆိုသည့်အပြုအမူကို ကာကွယ်ပြောဆိုနိုင်မှာလား။ သေဒဏ်က ဘယ်လိုဖြစ်မှာလဲ။ ပြီးတော့ အားလုံးဖြေရှင်းပြီးသွားသလိုမျိုး မြင်ရတဲ့အခါမှာရော ကျွန်တော်တို့တွေက အဲ့ဒီပြစ်မှုနဲ့ ပတ်သတ်ပြီး တကယ်နားလည်သဘောပေါက်နိုင်ပါ့မလား။ အက်ရှင်မပါ၊ မှောင်မှောင်မဲမဲ၊ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ဇာတ်ရှိန် မြင့်သွားသည့် ရုပ်ရှင်ဖြစ်သော်လည်း လူတွေရဲ့စိတ်ရင်းနဲ့ပတ်သက်တဲ့မေးခွန်းတွေကို ပစ်သွင်းသွားနိုင်တဲ့ ခိုရဲ-အဲဒရဲ့ တကယ့် အရသာကိုဖော်ပြသွားသော အနုပညာလက်ရာတစ်ခုပဲ ဖြစ်ပါတယ်။

ပြစ်မှုဆိုတာဘာလဲဆိုတဲ့အကြောင်းအရာကို Shoplifters အလစ်သုတ်မိသားစုလည်း ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီဇာတ်လမ်းမှာက The Third Murder တတိယအကြိမ်မြောက် လူသတ်မှုနဲ့မတူဘဲ တော်တော်တိုက်ရိုက် ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ကလေးစွန့်ပစ်ခြင်းမှ အလစ်သုတ်ခြင်း၊ “ပြန်ပေးဆွဲခြင်း”၊ ကလေးငယ်ခိုင်းစေမှုအထိ Shoplifters အလစ် သုတ်မိသားစုမှ ဇာတ်ကောင်များသည် ရှိရှိသမျှပြစ်မှုများကို ကျူးလွန်သော်လည်း ဇာတ်လမ်းထဲတွင် အဲ့လိုလုပ်ရတဲ့ နောက်ခံ အကြောင်းအရာကိုပါ သေသေချာချာ ဖော်ပြထားပါတယ်။ ဒီကနေတဆင့် ကျွန်တော်တို့တွေ ပုံမှန်မီဒီယာကနေရနေတဲ့ အချက် အလက်တွေနဲ့ အင်တာနက်ပေါ်မှာဖတ်ရတဲ့ သတင်းဆောင်းပါးတွေသည် အကြောင်းအရာအလုံးစုံကို ပွင့်ပွင့်လင်းလင်း ဖော်ပြ ထားခြင်း မရှိဘူးဆိုတဲ့အချက်ကို ပြန်လည်သတိပြုမိခဲ့ကြပါတယ်။

“ဂျပန်ရုပ်ရှင်မှ Humanist လူသားဆန်မှု အနုပညာရှင်” (Flim Comment အင်္ဂလိပ်မဂ္ဂဇင်း)၊ “အမြဲစိတ်ခံစားမှုပါဝင် သောရုပ်ရှင်ကိုဖန်တီးသော ဂျပန်အနုပညာရှင်” (AFP) စသည့် နိုင်ငံခြားမီဒီယာများတွင် ဖော်ပြခြင်းခံရသည် ခိုရဲ-အဲဒ။ ရုပ်ရှင် ဖန်တီးခြင်းနဲ့ပတ်သက်တဲ့ သူရဲ့တကယ့်စွမ်းရည်ကတော့ ဇာတ်လမ်းဖန်တီးနိုင်မှု၊ ပြီးတော့ လူသားဆိုသည့် တည်ရှိမှုအပေါ် ကျွန်တော်တို့မြင်တွေ့နိုင်အောင် မေးခွန်းတွေထုတ်နိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ သို့သော် အနုပညာဖန်တီးရှင်ရဲ့ အရည်အချင်း သည် အဲ့ဒီလောက်နဲ့ အဆုံးမသတ်သေးပါဘူး။ သူသည် မေးခွန်းတွေရဲ့အဖြေကို တော်တော်နဲ့မဖော်ပြဘဲ ကျွန်တော်တို့ ပွဲကြည့် ပရိသတ်ကို ကိုယ်တိုင်အဆုံးအဖြတ် ပြုလုပ်စေခြင်းသာဖြစ်ပါတယ်။ တနည်းအားဖြင့် ခိုရဲ-အဲဒရဲ့ ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှု့ သူသည် တကယ့်အဖြစ်မှန်အလုံးစုံကိုသိရှိသူ တော်တော်နည်းပါးသည်ဆိုသည့်လက်တွေ့ကို လက်ခံယုံသာဖြစ်ပါတယ်။ တဖက် မှာလည်း သူဖန်တီးခဲ့တဲ့ ဇာတ်လမ်းတွေသည် ပုံမှန်နေထိုင်မှုဘ၀နဲ့ မိမိပတ်ဝန်းကျင်မှာလည်း မကြာခဏဖြစ်ပျက်နေသည့် အကြောင်း၊ အဲ့ဒီလိုတွေ မဖြစ်ပျက်ရအောင်လည်း အမြဲသတိပေး၊ သတိပြု၊ အာရုံစိုက်ခြင်းသည် အရေးကြီးကြောင်းကို ပြောပြ နေပါတယ်။ ဒါ့ကြောင့်လည်း ဘယ်လောက်ကြည့်ကြည့် ကြည့်မ၀ဘူးဆိုတဲ့ခံစားချက်ကို ရရှိစေပါတယ်။ ပြီးတော့ အဲ့လိုခံစားရ ခြင်းသည်သာလျှင် အမှန်အကန်ဖြစ်ပါတယ်။

အလက်ဇန္ဒား ဟွမ်း(မ်)

RECOMMEND POSTS

LIFESTYLE
MULTIPLE LANGUAGE
အကြိုက်ဆုံး ဂျပန်ရိုမန့်တစ်ရုပ်ရှင် ၅ ကားနှင့် ချစ်သူများနေ့မှာ အချစ်များကို ဖြန့်ဝေကြရအောင်။
ဖေ‌ဖော်ဝါရီ 18, 2019
ဖေဖော်ဝါရီလကိုရောက်ရှိသည်နှင့် ချစ်စရာကောင်းသောအရုပ်များ၊ နှင်းဆီပန်းများ၊ ပို့စကတ်များနှင့် အပြင် အ
GENERAL
MULTIPLE LANGUAGE
၂၀၁၈ မှာ လူတိုင်း ပါးစပ်ဖျားက ဂျပန်ရုပ်ရှင် ၅ ကား၊ အပိုင်း ၂
အောက်တိုဘာ 31, 2018
ပြီးခဲ့တဲ့လတုန်းက မျက်ရည်စို့စရာ အချစ်ဇာတ်လမ်းတွေ၊ ကြည်နူးစရာ မိသားစုဇာတ်လမ်းတွေနဲ့ စိတ်အား တက်စရာ အ
LIFESTYLE
MULTIPLE LANGUAGE
“ကမ်းပိုင်း! အားလုံး​သောဆာ​ကေးချစ်​သူများအတွက်”​ တွင်​မြင်​​တွေ့ရ​သော
ဒီဇင်ဘာ 10, 2018
ဒီ​နွေး​ထွေးပျူငှာတဲ့ မှတ်​တမ်းတင်​ဇာတ်​လမ်းတိုမှာ ဆာ​ကေးသည်​​ သောက်​စရာတစ်​ခုထက်​ပို​ကြောင်းြေ
ページトップへ