TOP > ALL > GENERAL > ခွေးချစ်သူတိုင်းကြည့်သင့်သည့် နွေးထွေးဖွယ် ဂျပန်ရုပ်ရှင် ၆ ကား
GENERAL

ခွေးချစ်သူတိုင်းကြည့်သင့်သည့် နွေးထွေးဖွယ် ဂျပန်ရုပ်ရှင် ၆ ကား

ပိတ်ကားထက်က လူသားတို့၏ သူငယ်ချင်းကောင်း

ဂျပန်နိုင်ငံသည် ကြောင်ချစ်သောနိုင်ငံအဖြစ် လူသိများသော်လည်း (နိုင်ငံတစ်ဝှမ်း ကြောင်ကော်ဖီဆိုင်များ ပေါ များသောကြောင့်သာ ဖြစ်သည်။) ခွေးနဲ့ပတ်သတ်ပြီးလည်း လွမ်းမိုးမှုများသော နိုင်ငံတစ်နိုင်ငံအဖြစ် လူသိများကြပါတယ်။ ချစ်စရာ ချိဘနှင့် အာခိတမှ သေးငယ်ပြီး လှပတဲ့ တယ်ရီယာတွေက တိုကျိုမြို့နေရာတိုင်းမှာပါပဲ။ ဒါမမှားပါဘူး ဂျပန်သည် လည်း ခွေးချစ်နိုင်ငံတစ်နိုင်ငံပါပဲ။ များစွာသော ဂျပန်ရုပ်ရှင်တွေထဲမှာ လူသားနှင့် ခွေးအကြားမှ ခိုင်မာတဲ့နှောင်ကြိုးကို ဖော်ပြထားကြပြီး ဖြစ်ရပ်မှန်ဇာတ်လမ်းဒရမ်မာမှ မျိုးရိုးစဉ်ဆက် ယုံတမ်းစကားအထိပါပဲ။ ဒီအထဲကမှ အကောင်းဆုံး ၆ ကားကတော့ ဒါတွေပါပဲ။

 ၁။ ဟာချိကိုရဲ့ ပုံပြင် (ハチ公物語)

၁၉၈၇ ခုနှစ်မှာရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးကတော့ ဂျပန်သစ္စာအရှိဆုံးခွေးလေး ဟာချိကိုအကြောင်း ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပြီး ခွေးလေးအမှတ်တရအနေဖြင့် ခွေးလေးရုပ်ထုကို ရှီဘူယဘူတာရုံအပြင်မှာ တွေ့ရမှာ ဖြစ်ပါတယ်။ ဂျပန်မှာနာမည်ကြီးကျော်ကြားပြီး နောက်ပိုင်းတွင် Richard Gere က အင်္ဂလိပ်အသွင်ပြောင်းယူခဲ့တဲ့ ဟာချိကိုမိုနိုဂတာရီ (ဟာချိကိုရဲ့ပုံပြင်) ဟာ အားလုံးရဲ့နှလုံးသားကို ဆွဲငင်နိုင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာ ဟာချိလို့ခေါ်တဲ့ အာခိတခွေးလေး (ချစ်စနိုးအခေါ်ဟာချိကို) နဲ့ သူ့ကို ခေါ်လာတဲ့ပရော်ဖက်ဆာတို့အကြားက ဆက်ဆံရေးကို ဖော်ပြထား တာပဲဖြစ်ပါတယ်။ ပရော်ဖက်ဆာနဲ့ ဟာချိတို့နှစ်ဦးဟာ နှစ်ဦးသားမသိလိုက်ချိန်မှာပဲ ရင်းနှီးလာခဲ့ပါတယ်။ ဟာချိနေ့စဉ် လုပ်ဆောင်တဲ့ကိစ္စက ပတ်ဝန်းကျင်ကလူတိုင်းကို အံ့အားသင့်စေခဲ့ပါတယ်။ သူဟာ သူ့သခင်ရုံးအပြန်ကို ရှီဘူယဘူတာရုံ မှာ ညနေတိုင်း စောင့်ကြိုတတ်ပြီး သခင်အိမ်အပြန်ကို အဖော်လုပ်ပေးပါတယ်။ သို့သော် ပရော်ဖက်ဆာရုတ်တရက်ဆုံးပါး သွားပြီးနောက် ကျွန်တော်တို့ရဲ့ အဓိကဇာတ်ကောင်ခွေးလေးဟာ သခင်အိမ်အပြန်ကို စောင့်ကြိုဖို့ နေ့စဉ်ဘူတာရုံကို ၉ နှစ်လုံးလုံး တစ်ရက်မပြတ်သွားရောက်ခဲ့ပြီး နောက်ဆုံးမှာတော့ ဆုံးပါးသွားခဲ့ပါတယ်။ တကယ့်ခွေးလေး ဟာချိကတော့ ၁၉၂၃ ခုနှစ်ကနေ ၁၉၃၅ နှစ်အထိ အသက်ရှင်ခဲ့ပါတယ်။ အရမ်းကိုပူဆွေးဝမ်းနည်းပြီး မျက်ရည်ကျရတဲ့ ဒီဇာတ်ကားဟာ ၂၀ ရာစုနှစ်အရှေ့ပိုင်းရဲ့ တိုကျိုကို နောက်ခံထားဖန်တီးထားတာကိုလည်း တွေ့ရမှာပါ။

အဓိကသရုပ်ဆောင် – တစုယနာကဒိုင်း၊ ခအိုရုယချိဂုဆ
ဒါရိုက်တာ –  စေးချိရောခိုယာမ 

 ၂။ ကျွန်တော့်ခွေးလေးနှင့် ကတိ ၁၀ ချက် (犬と私の10の約束)

ကောင်မလေးနှင့်သူမရဲ့ ခွေးလေးအကြောင်းဖြစ်တဲ့ ဒီဇာတ်လမ်းလေးကို ၂၀၀၈ ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ မြောက်ဘက်စွန်းက ကျွန်းတစ်ခုဖြစ်တဲ့လှပတဲ့ ဟော့ကိုင်းဒိုးမှာ ဇာတ်အိမ်ချထားပါတယ်။ ဒီဇာတ်ကားကို “ ခွေးပိုင်ရှင်၏ ကတိဝတ် ၁၀ ချက်” (ခွေးတစ်ကောင်၏အမြင်မှ ရေးသားထားသော) မှ ကောက်နှုတ်ထားခြင်းဖြစ်ပါတယ်။ ဖခင်ရဲ့လစ်ဟင်းမှုနှင့် မိခင်ကိုဆုံးရှုံးထားတဲ့ အာကရီမှာ ဆော့ခ်လို့ခေါ်တဲ့ ဂိုးဒင်းရထရီဘာခွေးလေးတစ်ကောင်ရှိပါတယ်။ ဆော့ခ်က ကောင်မလေးရဲ့အရင်းနှီးဆုံးအဖော်နဲ့ အမေဆုံးပြီးနောက်မှာ အကြီးမားဆုံးအထောက်အပံ့တစ်ခု ဖြစ်ခဲ့ပါ တယ်။ သို့သော် နှစ်တွေကုန်လို့လတွေပြောင်းကာ အခြေအနေတွေလည်း ပြောင်းလဲလာခဲ့ပါတယ်။ အာကရီအရွယ် ရောက်လာပြီး သူမရဲ့ရှုပ်ထွေးလှတဲ့ လူကြီးဘ၀မှာ ခြေချုပ်မိပြီး သူမ ဆော့ခ်နဲ့အမြဲမရှိနိုင်တော့ဘဲ တခါတလေမှာ ခွေးလေးဆီသွားလည်ဖို့တောင် စပြီးလျစ်လျူရှုလာခဲ့ပါတယ်။ သို့သော် ဆော့ခ်လေးဆုံးခါနီး အိပ်ယာပေါ်လဲတဲ့အခါ အာကရီတစ်ယောက် ခွေးလေးအနားအပြေးသွားကာ “ ကတိဝတ် ၁၀ ချက်” ကိုဖတ်ခဲ့ပါတယ်။ သူမလှည့်ကြည့်လိုက်တိုင်း အမြဲသူမနောက်မှာရှိနေပေးခဲ့တဲ့ ခွေးလေးအပေါ် ကတိတည်ခဲ့သလား မတည်ခဲ့သလားဆိုတာသိဖို့ကိုပေါ့

အဓိကသရုပ်ဆောင် – ရဲနတာနက၊ ရောကစဲ
ဒါရိုက်တာ – ကစုဟိဒဲမိုတိုခိ

 ၃။ တောင်ဝန်ရိုးစွန်းမှပုံပြင် (南極物語)

ကြီးမားကျယ်ပြန့်လှတဲ့ တောင်ဘက်ကုန်းမြေမှနယ်မြေ Antarctica မှာရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကတော့ ၁၉၅၈ ခုနှစ်မှာ ဂျပန်သုတေသနပြု အဖွဲ့တစ်ဖွဲ့ရဲ့စွန့်ပစ်ခြင်းခံရတဲ့ Sakhalin လျှော်ဆွဲခွေးအဖွဲ့တစ်ဖွဲ့ရဲ့ အဖြစ်မှန် ဇာတ် ကြောင်းပဲဖြစ်ပါတယ်။ ဆိုးရွားတဲ့ရာသီဥတုအခြေအနေကြောင့် သုတေသနပြုအဖွဲ့ကို ကယ်ဆယ်သွားကြသော်လည်း ခွေးလေး ၁၅ ကောင်ကတော့ အစွန့်ပစ်ခံလိုက်ရပါတယ်။ နောက်တစ်နှစ်ကြာပြီးနောက် Antarctica ကိုသူတို့အဖွဲ့ ပြန်ရောက်လာတဲ့အခါ ကံကောင်းထောက်မစွာ ရှင်သန်ကျန်ရစ်နေခဲ့သေးတဲ့ တာရောနဲ့ချိရော ခွေးလေးနှစ်ကောင်ကို ပြန် တွေ့ခဲ့ပါတယ်။ တကယ့်လက်တွေ့မှာလည်း တာရောနဲ့ချိရောသည် နိုင်ငံသူရဲကောင်းဖြစ်ခဲ့ပြီး သူတို့ရဲ့ခန္ဓာကိုယ်ကို ဟော့ကိုင်းဒိုးနဲ့ အုအဲနော့၊ တိုကျိုမှာ အသီးသီးပြသခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဖော်ပြချက်ကတော့ သည်းခံမှုနဲ့ သစ္စာရှိမှုကို ရိုက်ကူးဖော်ပြထားတာဖြစ်ပြီး ဂျပန်မှာအရမ်းကို အောင်မြင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဟောလီးဝုဒ်မှ Eight Below ဆိုပြီး ပြန်လည်ရိုက်ကူးခဲ့ပါတယ်။

အဓိကသရုပ်ဆောင် – ခန်းတကခုရ၊ စုနဲဟိခိုဝတစဲ
ဒါရိုက်တာ – ခိုရဲရောရှိခုရဟရ

 ၄။ ဟိမာဝါရီနဲ့ ခွေးလေးရဲ့ခုနှစ်ရက်တာ (ひまわりと子犬の7日間)

ပိုင်ရှင်မှ လာရောက်ပြန်လည်ခေါ်ယူခြင်းမရှိရင် ၇ ရက်ကြာတဲ့အခါ ခွေးတွေကိုသတ်ပြစ်တတ်တဲ့ ခွေးထိန်းသိမ်း ရေးစင်တာမှာ ခွေးအမေနဲ့ ခွေးပေါက်လေးတို့ ယာယီရောက်ရှိနေပါတယ်။ ခွေးထိန်းသိမ်းရေးစင်တာမှာလုပ်နေတဲ့ ရှောဂျိ က ခွေးလေးတွေအကြောင်းကို သူ့ရဲ့သမီးလေးကို ပြောပြခဲ့ပါတယ်။ ဒီအကြောင်းကိုသိရတော့ သမီးလေးက သူ့ကို စကား တောင်ပြန်မပြောတော့ပါဘူး။ ရှောဂျိက ခွေးအမေရဲ့အချိန်ကိုဆွဲနိုင်ဖို့ ကြိုးစားပေမယ့်အချိန် ရောက်လာတဲ့အခါမှာတော့ သူ့သမီး၊ သူငယ်ချင်းတို့နဲ့အတူ အင်အားပေါင်းကာ ခွေးအမေနဲ့ ခွေးပေါက်လေးကိုကယ်တင်ခဲ့ပါတယ်။ ဒီဝမ်းနည်းစရာ ဒရမ်မာလေးကတော့ ဂျပန်နိုင်ငံက တိရိစ္ဆာန်ထိန်းသိမ်းရေးစင်တာတွေရဲ့ ရက်စက်လှတဲ့အဖြစ်မှန်ကို ဖော်ပြထားသော် လည်း မေတ္တာနဲ့ကိုယ်ချင်းစာနာမှုကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

အဓိကသရုပ်ဆောင် – မာဆတိုဆကအိ၊ မိခိနာကတနိ
ဒါရိုက်တာ – အဲမိခိုဟီရမိစု

 ၅။ ခီနခို (ခီနခို – လေ့ကျင့်စဲ ရဲခွေးလေး၏ဇာတ်လမ်း) (きな子〜見習い警察犬の物語〜)

ခွေးလေးကျင့်သူခရောခိုနဲ့ ခိနခိုလို့ခေါ်တဲ့ရဲခွေးလေးတို့ရဲ့အဖြစ်မှန်ကို အခြေခံထားတဲ့အခက်အခဲတွေကို ကျော် လွှားရကြောင်း စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ခီနခိုသည်ရဲခွေးဖြစ်ဖို့ ပျော့ညံ့ကြောင်းခရောခိုကို ပြောသော်လည်း သူမသည် ဒီ Labrador Retriever ခွေးလေးကိုပဲ ရွေးချယ်ဆုံးဖြတ်ခဲ့ပါတယ်။ နှစ်တော်တော်ကြာ လေ့ကျင့်ထားပြီးသော်လည်း ခီနခိုသည် အားမကိုးရသေး သို့သော် ချစ်စရာကောင်းတဲ့ အမှားတွေကိုလည်း လုပ်တတ် သေးပါတယ်။ ခရောခိုတို့ရဲ ခွေးပြိုင်ပွဲဝင်တဲ့အခါမှာလည်း ခီနခိုရဲ့ အလွဲအချော်တွေက သူမကိုလူတွေအကြားမှာ ပိုသိစေ ခဲ့ပါတယ်။ သို့သော်ပြိုင်ပွဲမှာရှုံးသွားတဲ့အတွက် ခရောခိုလည်း မျှော်လင့်ချက်ကုန်ခမ်းကာ လေ့ကျင့်ရေးကျောင်းကနေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူမဟာတန်ဖိုးရှိတဲ့ ရဲခွေးတစ်ကောင်ဖြစ်ကြောင်းကို ခီနခိုက သက်သေပြ သွားခဲ့ပါတယ်။ ဂျပန်နိုင်ငံတောင်ဘက်ပိုင်းဖြစ်တဲ့ ခါနဂ၀ခရိုင်မှာရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားလေးမှာ ဂျပန်နိုင်ငံရဲ့လှပတဲ့ နေရာတွေကိုလည်းသွားရောက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။

အဓိကသရုပ်ဆောင် – ခဟို၊ယစုဖုမိတဲရ၀ခိ
ဒါရိုက်တာ – ခဟို၊ယစုဖုမိတဲရ၀ခိ

 ၆။ ကြယ်စောင့်ခွေး (星守る犬)

နာမည်တူ Manga ကာတွန်းအပေါ် အခြေခံထားတဲ့ ဒီဇာတ်လမ်းကတော့ အမည်မသိအမျိုးသားတစ်ဦးနဲ့ သူ့ရဲ့ ခွေးလေး ဟက်ပီးအကြောင်းပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးကို သေဆုံးလျက်အမျိုးသားရဲ့ ဘန်ကားထဲမှာ တွေ့ရှိခဲ့တာဖြစ် ပါတယ်။ ခရောစုခဲလို့ခေါ်တဲ့ လူမှုရေးအလုပ်သမားလေးသည် ဒီအမှုအတွက် တာဝန်ပေးခံရပြီး ကားပေါ်မှာရှာတွေ့တဲ့ သဲလွန်စအပိုင်းအစတွေမှတဆင့် သူတို့ရဲ့ နောက်ဆုံးအသက်ရှင်ခဲ့တဲ့အချိန်ကို နောက်ကြောင်းလိုက်ခဲ့ပါတယ်။ ဒီအမျိုး သားရဲ့ နောက်ဆုံးခရီးစဉ်ကို နောက်ကြောင်းလိုက်ဖို့ ခရောစုခဲသည် နိုင်ငံတ၀ှမ်းခရီးတွေဆက်ခဲ့ပါတယ်။ နောက်ဆုံးမှာ တော့ ခွေးလေးဟက်ပီးနဲ့ သူ့သခင်တို့ ဘယ်လောက်ထိအပြန်အလှန်သစ္စာရှိ ချစ်ခင်ခဲ့ကြသလဲဆိုတာကို သူတွေ့ရှိခဲ့ပြီး သူငယ်စဉ်က ရင်းနှီးခဲ့တဲ့ထူးစမ်းတဲ့ ခွေးလေးတစ်ကောင်ကို အမှတ်ရမိစေခဲ့ပါတယ်။ အဲ့ဒီခွေးလေးဟာ အမြဲနေကြာခင်း ထဲမှာထိုင်ပြီး ကောင်းကင်ပေါ်ကကြယ်တွေကို ငေးကြည့်နေတတ်ပါတယ်။

အဓိကသရုပ်ဆောင် – တိုရှိယူခိနီရှိဒ၊ တဲစုဂျိတမယာမ
ဒါရိုက်တာ – တိုမိုယုခိတခိမိုတို

ခွေးချစ်သူတွေအတွက်ကတော့ ဒီဇာတ်ကားတွေမှာ ခွေးလေးတွေဟာ လူသားတွေရဲ့ အကောင်းဆုံးသော အရာ တွေကို ဆွဲထုတ်နိုင်တဲ့အကြောင်း တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ စိတ်လှုပ်ရှားဖွယ်ရာ၊ ၀မ်းနည်းဖွယ်ရာ၊ ရယ်စရာတွေနဲ့ ဂျပန် လူမျိုးတွေသည် လူသားတို့ရဲ့ အကောင်းဆုံးသူငယ်ချင်းသည် သင်ရဲ့ရင်ကို နွေးထွေးစေကြောင်း ဖော်ပြထားပါတယ်။

စာသား Kiri falls

RECOMMEND POSTS

LIFESTYLE
MULTIPLE LANGUAGE
“ကမ်းပိုင်း! အားလုံး​သောဆာ​ကေးချစ်​သူများအတွက်”​ တွင်​မြင်​​တွေ့ရ​သော
ဒီဇင်ဘာ 10, 2018
ဒီ​နွေး​ထွေးပျူငှာတဲ့ မှတ်​တမ်းတင်​ဇာတ်​လမ်းတိုမှာ ဆာ​ကေးသည်​​ သောက်​စရာတစ်​ခုထက်​ပို​ကြောင်းြေ
SHOWBIZ
ပရိတ်သတ်အချစ်တော် အဆိုတော်အဖွဲ့အနေနှင့်သာမက ရုပ်ရှင်လောကတွင်ပါ ဦးဆောင်နေသည့် AKB48
မေ 17, 2019
တေးသံသွင်းလုပ်ငန်းရဲ့ ထုတ်လုပ်သူတစ်ဦးဖြစ်သူ Yasushi Akimoto က AKB48 အဆိုတော်အဖွဲ့ရဲ့ ပထမ မျိုးဆက်ကု
GENERAL
MULTIPLE LANGUAGE
၂၀၁၈ မှာ လူတိုင်း ပါးစပ်ဖျားက ဂျပန်ရုပ်ရှင် ၅ ကား၊ အပိုင်း ၂
အောက်တိုဘာ 31, 2018
ပြီးခဲ့တဲ့လတုန်းက မျက်ရည်စို့စရာ အချစ်ဇာတ်လမ်းတွေ၊ ကြည်နူးစရာ မိသားစုဇာတ်လမ်းတွေနဲ့ စိတ်အား တက်စရာ အ
ページトップへ