TOP > ALL > GENERAL > ၂၀၁၈ မှာ လူတိုင်း ပါးစပ်ဖျားက ဂျပန်ရုပ်ရှင် ၅ ကား၊ အပိုင်း ၂
GENERAL

၂၀၁၈ မှာ လူတိုင်း ပါးစပ်ဖျားက ဂျပန်ရုပ်ရှင် ၅ ကား၊ အပိုင်း ၂

ဇွမ်ဘီကနေ ရင်နင့်စရာ ဒရမ်မာဇာတ်ကားတွေအထိ ဒီနှစ်အတွက် ကြည့်ကိုကြည့်ရမယ့် နောက်ထပ်ဂျပန် ကား ၅ ကား

ပြီးခဲ့တဲ့လတုန်းက မျက်ရည်စို့စရာ အချစ်ဇာတ်လမ်းတွေ၊ ကြည်နူးစရာ မိသားစုဇာတ်လမ်းတွေနဲ့ စိတ်အား တက်စရာ အထက်တန်းကျောင်းက ခင်မင်ရင်းနှီးမှုဇာတ်လမ်းတွေအကြောင်း သင်တို့ ဖတ်ရှုခဲ့ရတယ်။ အဲဒီ ဇာတ်လမ်း သုံးမျိုးက ဒီနှစ် လွှမ်းမိုးနေတဲ့ လူပြောအများဆုံး ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင် အမျိုးအစား ၃ မျိုးပဲ ကြည့်စရာရှိတယ်လို့ ယူဆရင်တော့ သင် အကြီးအကျယ် မှားသွားမှာပါ။ တစ်ဆက်တည်း ဆက်ကြည့်လိုက်ပါ။ ကျွန်တော်တို့ ဂရုတစိုက် ရွေးချယ်ထားတဲ့ ၂၀၁၈ ခုနှစ်မှာ လူကြီးလူငယ်မရွေး ကြည့်ရှုသူအားလုံးအကြား ရေပန်းစား ခဲ့တဲ့ ဒုတိယအသုတ် ဂျပန်ရုပ်ရှင်ကားတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ မရဏ ရိုက်ချက်တစ်ကတ် (カメラを止めるな!)

ယခုနှစ်အတွက် ရုပ်ရှင်နဲ့တီဗွီဇာတ်လမ်းတွဲ လောကတစ်ခုလုံးကို အံတုလိုက်တဲ့ ရုပ်ရှင်တစ်ကားတည်းကို ပြောပါဆိုရင် ဒီဇာတ်ကားကိုပဲ ရွေးချယ်ရမှာပါ။ “ မရဏ ရိုက်ချက်တစ်ကတ်” ဇာတ်ကားဟာ လူမသိသူမသိ ရုပ်ရှင် ထုတ်လုပ်သူ၊ သရုပ်ဆောင်တွေပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ရဲ့ အသုံးစရိတ်ချွေတာတဲ့ ရိုက်ကူးရေးကနေ စတင်တယ်။ ဇာတ် ကားထွက်လာတော့ ရုံကြီး ၂ ရုံမှာပဲ တင်ခဲ့တယ်။ ဒါပေမယ့် ပရိတ်သတ်တွေဟာ အကြောင်းတစ်ခုခုကြောင့် ဒီဇာတ် ကားကို ထပ်ခါထပ်ခါ ပြန်လာကြည့်ကြ၊ ဒီဇာတ်ကားအကြောင်းကိုပဲ တဖွဖွပြောဖြစ်နေကြတယ်။ ဇာတ်ကားထဲ အမှန် တကယ် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ နားမလည်လို့လား။ ဘာအဓိပ္ပာယ်မှရှိပုံမရတဲ့ သုံးမျိုးရောစပ်ထားတဲ့ ရုပ်ရှင် ထဲက တစ်ခန်းချင်း တစ်ကွက်ချင်းကို ဦးဦးဖျားဖျား ချိတ်ဆက်ကြည့်ချင်လို့လား။ မျက်မှောက်ခေတ် ဂျပန်ရုပ်ရှင် လုပ်ငန်းရဲ့ ပုန်းလျှိုးကွယ်လျှိုးဖြစ်နေပေမယ့် သိသာမြင်သာတဲ့ သရော်စရာ အကွက်တစ်ကွက်လေလား။ ဒါမှမဟုတ် ရယ်စရာသက်သက်တစ်ခုလား၊ ပရိတ်သတ်တွေအနေနဲ့ လောကကြီးမှာ အနုပညာကို ဖန်တီးထုတ်လုပ်ဖို့ ငွေပုံကြီး လည်းမလို၊ အကောင်းဆုံးပစ္စည်းတွေလည်းမလိုဘူးလို့ ရိုးရိုးရှင်းရှင်းပြောချင်တာလား။ လပေါင်းများစွာ ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒီရုပ်ရှင်က ဂျပန်ပြည်တစ်ခွင် မုန်တိုင်းဆင်သွားသလိုပါပဲ။ တစ်ပြည်လုံးက ရုပ်ရှင်ရုံပေါင်း ၃၀၀ မှာ ယခု ရုံတင်ပြသနေပြီး ပရိတ်သတ်တွေကလည်း ထပ်ခါတလဲလဲ ပြန်ကြည့်ဖြစ်နေကြတယ်။

ဇာတ်လမ်းလား။ ဇာတ်လမ်းကတော့ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့ဟာ ဂျပန်တောဒေသလေးက စွန့်ပစ်ထား တဲ့ ရေသန့်စင်စက်ရုံတစ်ရုံကို ဇွမ်ဘီတီဗွီဇာတ်လမ်းရိုက်ဖို့ သွားကြတယ်။ ကြားဖူးနားဝ သတင်းတွေအရ အဲဒီစက်ရုံ ဟာ ဂျပန်စစ်တပ်က လူသားအစစ်နဲ့ စမ်းသပ်မှုတွေလုပ်တဲ့နေရာ ဖြစ်သတဲ့။ နောက်ပိုင်း ဆက်လာတာကတော့ ၃၇ မိနစ်စာ မဖြတ်မတောက်ထားတဲ့ ဘီလူးသရဲတစ်ကောင်နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ အခန်းတွေ။ ရုပ်ရှင်အဖွဲ့သားတွေ အသက်လုပြီး ပြေးရ၊ ကိုယ်အသက်ရှင်ဖို့ သတ်ရဖြတ်ရ၊ ဘုရားသခင်ရဲ့ သနားကရုဏာကို တောင်းခံရနဲ့။ နောက်ဆုံး မှာတော့ အားလုံးပုံမှန်ဖြစ်အောင် ရီဆက်ခလုတ်ကို နှိပ်လိုက်ပြီး လွန်ခဲ့တဲ့ ၁ လတာ ဇာတ်လမ်းမစမီကို ပြန်ရောက် သွားတဲ့အခါမှ တဖြည်းဖြည်း ဇာတ်ရည်လည်လာတယ်။ ဇာတ်လမ်းလေးက အဲဒီလို ဆွဲဆောင်နိုင်ပါတယ်။

အတူကြည့်ရန်အဖော်။သူငယ်ချင်းတစ်အုပ်နဲ့ အတူကြည့်ရန်။ ရုပ်ရှင်ပြီးသွားရင် ပြောစရာစကားတွေ အများကြီး ကျန်ခဲ့မယ်။

မလွတ်ရမယ့် အခန်းများ။ရုပ်ရှင်ရဲ့တစ်ဝက်လောက်မှာ မိခင်ဆန်တဲ့ဇာတ်ရုပ်ဖြစ်တဲ့ နာအိုရဲ့ အကယ်ဒမီရှော့ အပြောင်းအလဲ သရုပ်ဆောင်ချက်များ။

ထောက်ခံရတဲ့ အကြောင်းရင်း။အကြောင်းရင်းကတော့ ဒီဇာတ်ကားဟာ ဂျပန်ဇာတ်လမ်းတို ရုပ်ရှင်လောကကို လုံးဝ ပြောင်းလဲသွားစေခဲ့ပြီး ထုတ်လုပ်မှုစရိတ်ရဲ့ အဆပေါင်း ၇၀၀ ၀င်ငွေပြန်ရရှိစေခဲ့တဲ့ ဇာတ်ကား။ သင်မေးချင်သမျှ မေးခွန်းတွေအားလုံးကို အဖြေပေးမှာက ရုပ်ရှင်ပြသချိန် ၃၇ မိနစ်ထဲရယ်ပါ။ ဒါကြောင့် အဲဒီအချိန်မစေ့မီတော့ မရပ် မနား ကြည့်ရှုခံစားလိုက်ကြရအောင်။

၂။ နံရံပေါ်က လု (夜明け告げるルーのうた)

ဒီနှစ်ရုပ်ရှင်ပွဲတော်မှာ သေချာပေါက် ချစ်စရာအကောင်းဆုံး ဇာတ်ကားကတော့ “ လု” ပါပဲ။ လုဆိုတာ သမရိုး ကျမဟုတ်တဲ့ ရေသူမဇာတ်ကောင်ဖြစ်ပြီး မကောင်းဆိုးဝါး ရေသူမအသိုင်းအ၀ိုင်းကို အမြဲစိုးရိမ်ကြောက်ရွံနေရတဲ့ ဂျပန် ပြည်ကျေးလက်က တံငါရွာလေးတစ်ရွာဆီ သူကပရိတ်သတ်ကို ခေါ်သွားတယ်။ ကျွန်တော်တို့ရဲ့ အဓိကဇာတ်ကောင် ဖြစ်တဲ့ အထက်တန်းကျောင်းသားလေး ကိုင်ဟာ မိဘတွေကွာရှင်းပြီးတဲ့နောက် အဲဒီတံငါရွာလေးကို စိတ်မချမ်းမြေ့စွာ နဲ့ ရောက်လာတယ်။ တံငါရွာလေးမှာ သူ ဘာကိုမှမနှစ်မြို့ဘူး။ အထူးသဖြင့် ရွာသားတွေကို သူကြည့်လို့မရဘူး။ ကိုင် အတွက် တစ်ခုတည်းသော ပျော်ရွှင်စရာက ဂီတ။ ဒါ ဇာတ်လမ်းတစ်ခုလုံးအတွက် အဓိကအချက်ပါပဲ။ သူဝါသနာပါ တဲ့ ဂီတကနေတစ်ဆင့် ကိုင်ဟာ ကူနီယိုနဲ့ ယူဟိုဆိုတဲ့ သူငယ်ချင်းအသစ်တွေ ရလာတယ်။ ဒီလိုပဲ သူ့ဇာတ်လမ်းမှာ ပါဝင်လာတဲ့ လုဟာလည်း သီချင်းနားထောင်ရတာ၊ ကရ၊ ခုန်ရတာ နှစ်ခြိုက်တယ်။ သူ့ဝမ်းနည်းပူဆွေးမှုတွေ ဘ၀ရဲ့ ယုံကြည်ချက် ပျောက်ဆုံးသွားတာတွေကို ကျော်လွှားနိုင်အောင် ကူညီပေးတဲ့လုကို ကိုင်က တစ်စထက်တစ်စ မြတ်နိုး လာတယ်။ ဒါပေမယ့် လုက ပုန်းလျိုးကွယ်လျိုးနေနေရတဲ့ ရေသူမတစ်ဦး။ နောက်ဆုံးတစ်နေ့ လူတွေသိသွားတဲ့ နောက် လုဟာ ရွာကို ကျိန်စာတိုက်နေတဲ့သူလို့ ရွာသားတွေက သွားပုပ်လေလွင့် ပြောလာတယ်။ ဒီလိုနဲ့ လုကို ရွာပြင် ထုတ်ဖို့ ရွာသားတွေ ကြိုးပမ်းရင်းကနေ ရွာကိုသွေးခွဲနေတာ လု မဟုတ်ဘူးဆိုတာ သူတို့ နောက်ဆုံး သိရှိနားလည် လာကြတယ်။

ရိုးရိုးလေးနဲ့လှတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ‘သူစိမ်း’ ဆိုတာနဲ့ ကြောက်စိတ်တွေ တမဟုတ်ခြင်း ကြီးထွားနေတဲ့ ခေတ်ကြီးမှာ ကိုယ့်ရဲ့အစစ်အမှန် ကြောက်စိတ်အတွက် ကိုယ်မသိတဲ့သူတစ်ယောက်ကို ဓားစာခံလုပ်ပြီး အပြစ်ပုံချ ခြင်းဟာ အဖြေမဟုတ်ဘူးဆိုတာ ဒီဇာတ်လမ်းက သတင်းစကားပါးတယ်။ ဒါ့အပြင် တစ်ခါတလေ နံရံပေါ်ကို ကျော်ခွ ပြီး တက်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းမှုကိုရှာတွေ့နိုင်သလို ခင်မင်ရင်းနှီးမှုတွေလည်း တိုးပွားစေမှာဖြစ်တယ်ဆိုတဲ့ အချက်ကို အသိပေးနေတာလည်း ဖြစ်ပါတယ်။

အတူကြည့်ရန်အဖော်။ကိုယ့်ထက်ငယ်တဲ့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ။

မလွတ်ရမယ့် အခန်းများ။ကာဇူယိုရှီ ဆိုင်တိုရဲ့ “ အူတာအူတိုင်းနိုး အချစ်သီချင်း” ကို ကိုင်ရဲ့ ဟန်နဲ့သီဆိုတဲ့ အခန်း တွေ။ မျက်ရည်သုတ်ဖို့ တစ်ရှူးတော့ မပါမဖြစ်ဆောင်သွားပါ။

ထောက်ခံရတဲ့ အကြောင်းရင်း။ဘာကြောင့်လဲဆိုတော့ ဒီဇာတ်ကားလေးက အနည်းငယ် သစ်လွင်၊ ထူးခြားပြီး ကြည့် ဖူးနေကျ ဂျပန်အန်နီမေးရှင်းကားတွေနဲ့မတူလို့ ဖြစ်ပါတယ်။ ဒီကားကို ရိုက်ကူးတဲ့ ဒါရိုက်တာ မာဆာကီ ယူအာဆာ ဆိုရင် အခု အလွန်ပဲထင်ရှားအောင်မြင်နေပြီ။ ဒါကြောင့် သူရဲ့ချစ်စရာကောင်းပြီး ကြည်နူးစရာဖန်တီးမှုလေးမှာ နှစ်မြှုပ် ခံစားနိုင်မယ့် အခွင့်အလမ်းကို လက်မလွှတ်ဖို့ တိုက်တွန်းချင်ပါတယ်။

၃။ ချည်နှောင်ထားတဲ့ ပြစ်မှုများ (祈りの幕が下りる時)

လျို့ဝှက်ဆန်းကြယ် ဇာတ်လမ်းတွေရိုက်ရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ကေးဂို ဟီဂါရှီနိုရဲ့ နာမည်ကျော် စုံထောက် ကာဂါဇာတ်လမ်းတွဲ နောက်ဆုံးအပိုင်းဖြစ်ပါတယ်။ “ ချည်နှောင်ထားတဲ့ ပြစ်မှုများ” က မှုခင်းတွေ၊ ပြစ်ဒဏ် တွေအကြောင်းဖြစ်သလို နက်ရှိုင်းတဲ့ အကြွင်းမဲ့ မိသားစုမေတ္တာကိုလည်း ဖော်ကျူးထားတယ်။ ဇာတ်လမ်းကို လူသေ အလောင်းတစ်လောင်းနဲ့ စဖွင့်ပါတယ်။ (စုံထောက် ကာဂါအကြောင်း ကျွန်တော်တို့ ပြောနေကြတာပေါ့။) ဒါပေမယ့် ဒီနေ့ဟာ ကာဂါ ဖြတ်သန်းနေကျ နေ့တစ်နေ့မဟုတ်သလို ဒီအမှုဟာလည်း ကာဂါကြုံနေကျ အမှုတစ်ခုမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီအလောင်းက ကာဂါ့အမေရဲ့ အလောင်းဖြစ်နေလို့ပါ။ သူ့ဘ၀မှာ တစ်ဦးတည်းသော အရေး အကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ သူ့အမေ။ သူကလေးဘ၀ကတည်းက ကွဲကွာနေခဲ့ရတဲ့အမေ။ အမှုအကြောင်း သူပိုပြီးစုံစမ်း လေ၊ သဲလွန်စတွေ (အလောင်းတွေ) ပိုပြီး သူတွေ့လာရလေ။ အဲဒီလိုနဲ့ ဟိုတစ်စ ဒီတစ်စ သဲလွန်စအစက်အပြောက် လေးတွေကို ရုပ်လုံးပေါ်အောင် သူကြိုးစားပြီး ဆက်ခဲ့ရတယ်။ ဒီလူသတ်မှုတွေရဲ့ နောက်ကွယ်က ဇာတ်လမ်းတွေ သူ ပိုပြီးသိလာတာနဲ့အမျှ အမှန်တရားကို သူမသိခဲ့ရင်ကောင်းမှာ၊ ဒီအမှုကို သူမဖော်ထုတ်နိုင်ခဲ့ရင် သိပ်ကောင်းမှာလို့ ကာဂါ နောင်တတွေရလာတယ်။ ရိုလာကိုစတာစီးရသလို ခံစားမှုတွေ ၀ုန်းကနဲ တက်လိုက်၊ ကျလိုက်ဖြစ်နေသမျှကို ဟီရိုရှီအာဘေး၊ နာနာကို မတ်ဆူရှီမာနဲ့ ဖူမီယို ကိုဟီနာတာတို့ဦးဆောင်တဲ့ အဖွဲ့က အမိအရ ရိုက်ကူးတင်ဆက်ထား ပါတယ်။ ဒီဇာတ်ကားက သင့်ကို မျက်ရည်မိုးတွေ ရွာသွန်းဖြိုးစေမှာ အမှန်ပါ။

အတူကြည့်ရန်အဖော်။ သူ့အရှေ့မှာ ငိုကြွေးရမှာ သင်မရှက်တဲ့ တစ်စုံတစ်ယောက်နဲ့အတူ။

မလွတ်ရမယ့် အခန်းများ။ကံကြမ္မာဥမင်လိုဏ်ခေါင်းထဲမှာ ဟီရိုမီနဲ့သူ့အဖေတို့ နောက်ဆုံးတစ်ကြိမ် ပြန်လည် ဆုံဆည်းကြတဲ့အခန်း။

ထောက်ခံရတဲ့ အကြောင်းရင်း။နောက်ဆုံးမှာ ကျိုအီချီရိုကာဂါကိုယ်တိုင်ရဲ့ ပဟေဠိကို အဖြေညှိနိုင်ခဲ့သလို ကြည့်ဖူး သမျှ သည်းထိတ်ရင်ဖိုတွေထက်ကို ပိုပြီးစိတ်တထင့်ထင့် ရင်ဖိုစရာကောင်းအောင် အဲဒီဝင်္ကပါကို ရှုပ်ထွေးပြီး နက်ရှိုင်း တဲ့ လူသားဒရမ်မာပြဇာတ်တစ်ပုဒ်အဖြစ် ကျွမ်းကျင်နိုင်နင်းစွာ ပြောင်းလဲထားလို့ ဖြစ်ပါတယ်။

၎။ တိမ်တွေအောက်မှာ ရယ်မောခြင်း (曇天に笑う)

ကာရာကာရာ-ကီမူရီရဲ့ သဘာဝလွန် ရုပ်ပြဇာတ်လမ်းတွဲဖြစ်တဲ့ “ ဒွန်တန်နီ ၀ါရာအူ” ကို လူသရုပ်ဆောင်တွေ နဲ့ ရုပ်ရှင်အသွင်ကူးပြောင်းထားတဲ့ ဇာတ်ကားဖြစ်ပြီး မျှော်တလင့်လင့် စောင့်ဆိုင်းနေခဲ့ရတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်က ပရိတ်သတ်ကို ဂျပန်နိုင်ငံရဲ့ အစောပိုင်းမေဂျီခေတ်ဆီ ပြန်လည်ခေါ်ဆောင်သွားတယ်။ နိုင်ငံ ရေးအကွဲအပြဲတွေ၊ မငြိမ်မသက်မှုတွေအပြည့်နဲ့ ခေတ်ကာလ။ ရှီဂါဒေသ၊ အော့ဆုအရပ်က ကူမိုဘုံကျောင်း အကြီး အကဲအရိုက်အရာကို ဆက်ခံခဲ့တဲ့ တန်ကာဟာ မြို့ရဲ့သူရဲကောင်း။ မြို့သူမြို့သားတိုင်း ဘေးကင်းလုံခြုံပြီး သာယာ ၀ပြောစေဖို့၊ ရယ်ရွှင်မြူးစေဖို့ကို အထူးတလည် ဆောင်ရွက်ပေးနေသူ။ ဒါပေမယ့် သူ့မိဘတွေကို နင်းဂျားအုပ်စုဟောင်း တစ်ခုက သတ်ဖြတ်သွားပြီးတဲ့နောက် တန်ကာရဲ့ အဓိက ဘ၀ရည်မှန်းချက်က ပြောင်းလဲသွားတယ်။ အဲဒါကတော့ သူ့ ညီငယ်နှစ်ဦးဖြစ်တဲ့ ဂျစ်ကန်ကန် ဆိုရာမူရူးနဲ့ အရွယ်မရောက်သေးတဲ့ ချူတာရိုတို့ကို ကာကွယ်စောင့်ရှောက်ဖို့ပဲ ဖြစ်ပါ တယ်။ တစ်နေ့မှာ သူတို့ရဲ့အေးချမ်းတဲ့ဘ၀ထဲကို ရုတ်တရက်အဖျက်အမှောင့်တွေ ၀င်ရောက်လာတယ်။ ကောင်းကင် ကြီး ပုံမှန်မဟုတ်ဘဲ အချိန်ကြာကြာအုံ့မှိုင်းနေတဲ့ နေ့တစ်နေ့ပေါ့။ ၀ရုန်းသုန်းကားဖြစ်ပျက်မှုတွေဟာ နှစ် ၃၀၀ မှ တစ်ခါ နိုးထတဲ့ မြွေနဂါးအသွင်ကို တဖြည်းဖြည်းဆောင်လာတယ်။ သူလာတော့မယ်။ မြွေနဂါးကြီးဖြစ်တဲ့ အိုရိုချီဟာ လူအသွင်ဖန်ဆင်းထားပြီး လူတိုင်းက သူရောက်လာတာ သိနေကြပြီ။ ဘယ်သူ့ရဲ့ကိုယ်ခန္ဓာထဲမှာ မြွေနဂါးကြီး ပုန်းအောင်းနေတယ်ဆိုတာ အုပ်စုတစ်ခုလုံးက လိုက်ရှာကြရတော့မယ်။ တန်ကာအတွက်ကတော့ သူ့ရဲ့ငြိမ်းချမ်းတဲ့ နေ့ရက်တွေ ကုန်ဆုံးသွားခြင်းလား၊ ဒါမှမဟုတ် အစပြုခြင်းလေလား။

လက်ဖျားခါလောက်စရာ အထူးဖန်တီးပြုလုပ်ချက်တွေ သရုပ်ဆောင်ချက်တွေနဲ့ ရဲသုံးဖော် (The Three Musketteers) ဆိုတဲ့ ဇာတ်ကားကိုတောင် ပြန်ပြီးအောင့်မေ့ချင်စရာ။ ဇာတ်ကားပြီးဖို့ နောက်ဆုံးမိနစ်အထိ ပရိတ် သတ်ကို နိုးကြားလန်းဆန်းနေစေတဲ့ ဇာတ်ကားဖြစ်ပါတယ်။

အတူကြည့်ရန်အဖော်။ သင့် အခင်ဆုံးသူငယ်ချင်းများနဲ့အတူ။

မလွတ်ရမယ့် အခန်းများ။ တိုင်ကို ဒရမ်တီးခတ်မှုနဲ့ မတ်ဆူရီဖွင့်ပွဲ။

ထောက်ခံရတဲ့ အကြောင်းရင်း။ဒီနေ့ခေတ် ဂျပန်နိုင်ငံရဲ့ ရေပန်းအစားဆုံး လူငယ်သရုပ်ဆောင်တွေ (ဆိုတာ ဖူကူရှီ၊ ယူမာ နာကာယာမာ၊ ယူကီဖူရူကာဝါ စသည်) ရဲ့ တိုက်ကြခိုက်ကြ အက်ရှင်ကောင်းကောင်းကိုကြည့်ဖို့ ဘယ်သူမှ လက်လွတ်ခံချင်မှာ မဟုတ်ဘူး။ ကမ္ဘာတစ်လွှားက ၀တ်စုံဒီဇိုင်းသရုပ်ဆောင်တွေရဲ့ အ၀တ်အစား၊ ဒီဇိုင်းတွေလည်း ကြည့်ရှုခံစားခွင့်ရဦးမှာ ဖြစ်ပါတယ်။

၅။ အရောင်မှန်အောင် ခြယ်ပေးပါ (今夜、ロマンス劇場で)

“ သယ်ရင်း ဖရန်းချိုက်” ဇာတ်ကားထဲက မကောင်းဆိုးဝါးအဖြစ် သရုပ်ဆောင်တဲ့ ဆာဒါကိုသာလျှင် ဒီနှစ် အခုအချိန် အထိ တီဗွီထဲက ပေါ်ထွက်လာတဲ့ တစ်ဦးတည်းသော ဂျပန်အမျိုးသမီးဖြစ်ပါတယ်။ စထွက်ပြီး ဆယ်စုနှစ် ၂ ခု အတိအကျကြာပြီးမှ ကျွန်တော်တို့ဟာ ကံအားလျော်စွာ ထိတ်လန့်ဖွယ် ဇာတ်ကားတွေကနေခွဲခွာပြီး ဆန်းကြယ် ကာ ရယ်စရာကောင်းတဲ့ ဆွတ်ပျံ့ဖွယ်ဒရမ်မာဖက်ကို ရောက်ရှိလာတယ်။ အဲဒီဇာတ်ကားကတော့ “ ဒီည ရုပ်ရုပ်မှာ” ဆိုတဲ့ ဇာတ်ကားဖြစ်ပြီး သူရဲကောင်းမလေး မီယူကီ (ဟာရူကာ အေယာဆီ) ဟာ ၁၉၆၀ လွန်ခေတ် အဖြူအမည်း ရုပ်ရှင်ထဲက လှပကျော့ရှင်းတဲ့ မင်းသမီးလေး။ တစ်နေ့တော့ သူမဟာ သူမကိုမြတ်နိုးနေတဲ့ လက်ထောက်ဒါရိုက်တာ ကန်းဂျီ (ကန်တာရို ဆာကာဂူချီ) ရဲ့ရှေ့မှာပဲ ရိုက်ကွင်းကနေ ချော်ကျခဲ့တယ်။ ရုတ်တရက်ဖြစ်လာတဲ့ အဖြစ်အပျက်ကို မင်သက်မိနေစဉ်မှာပဲ ကန်းဂျီဟာ သူမနဲ့ရင်းနှီးသိကျွမ်းဖို့ ဒါမှမဟုတ် အဲဒီထက်ပိုရှေ့တိုးဖို့ လမ်းစရှာခဲ့တယ်။ သူတို့ နှစ်ဦး ပိုမိုနီးစပ်လာတဲ့အချိန်မှာ မီယူကီတစ်ယောက် သူမရဲ့ အရောင်မဲ့ဘ၀ထဲမှာ စိုပြေတဲ့အရောင်အသွေးစုံကို ပြန်လည်ရှာတွေ့လာတယ်။ အဲဒီအချိန်မှာပဲ သူမရဲ့လျို့ဝှက်ချက်ကိုထုတ်ပြောဖို့ အချိန်ကျရောက်လာခဲ့ပြီး ကန်းဂျီ အတွက် ယူကြုံးမရဖြစ်ဖို့ ကြုံလာရတယ်။

“ ညို့ယူခြင်းနှင့် ရောမအားလပ်ရက်” ဇာတ်ကားရဲ့တစ်စိတ်တစ်ပိုင်း လွှမ်းမိုးမှုနဲ့အတူ (အချို့အခန်းတွေမှာ အေယာဆီဟာ အော်ဒရေး ဟက်ဘန်းနဲ့ အရမ်းကိုဆင်တယ်) ဇာတ်လမ်းက ရိုးစင်းပြီး အချစ်ဆိုတဲ့အကြောင်းအရာ လို ဟောင်းနွမ်းနေပြီ။ ဒါပေမယ့် အရောင်အသွေးစုံလင်စွာ ပြသထားတယ်။ အေယာဆီရဲ့ အလှပဆုံးဝတ်စုံတွေနဲ့ ဘ၀ရဲ့မဖြစ်နိုင်ဘူးထင်တဲ့ အံ့ဖွယ်စိတ်ကူးယဉ်အိပ်မက်တွေ အမှန်တကယ်ဖြစ်လာရင် ဘာဖြစ်မလဲဆိုတဲ့ မဆုံးနိုင် သော မေးခွန်းတွေအတွက် နှစ်ဦးသားရဲ့ပိတ်ကားပေါ်က ပြီးပြည့်စုံတဲ့ သရုပ်ဆောင်ချက်တွေ။ တကယ့်ကို ဖျော်ဖြေနိုင် စွမ်း ကြီးမားပါတယ်။

အတူကြည့်ရန်အဖော်။ သင် နှစ်နှစ်ကာကာ ချစ်ရသူတစ်ဦးနှင့်အတူ။

မလွတ်ရမယ့် အခန်းများ။ ခရမ်းနုရောင် ပဲနွယ်ပင်အောက်မှာ ကီယူကီကတဲ့ အခန်း။

ထောက်ခံရတဲ့ အကြောင်းရင်း။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အကြိုက်ဆုံးမင်းသား ဒါမှမဟုတ် မင်းသမီးဟာ ပိတ်ကားပေါ်ကနေ ခုန်ချသွားခဲ့ရင် ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့အားလုံး သိချင်ကြတယ်။ ဒါက ဆွတ်ပျံ့ကြည်နူး ဖွယ်ကောင်းသလို နည်းနည်းတော့ နှလုံးကြေကွဲဖွယ်ရာကောင်းတဲ့ ဇာတ်လမ်းလေး။ ပရိတ်သတ်ကြီး မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

RECOMMEND POSTS

LIFESTYLE
MULTIPLE LANGUAGE
အကြိုက်ဆုံး ဂျပန်ရိုမန့်တစ်ရုပ်ရှင် ၅ ကားနှင့် ချစ်သူများနေ့မှာ အချစ်များကို ဖြန့်ဝေကြရအောင်။
ဖေ‌ဖော်ဝါရီ 18, 2019
ဖေဖော်ဝါရီလကိုရောက်ရှိသည်နှင့် ချစ်စရာကောင်းသောအရုပ်များ၊ နှင်းဆီပန်းများ၊ ပို့စကတ်များနှင့် အပြင် အ
GENERAL
MULTIPLE LANGUAGE
ကမ္ဘာက ဟီရိုကဇု ခိုရဲ-အဲဒအပေါ် ရူးသွပ်ရသည့်အကြောင်းအရင်း
ဇန်နဝါရီ 11, 2019
လွန်ခဲ့သောနှစ်တွေကို ပြန်ကြည့်လိုက်မည်ဆိုလျှင် ၂၀၁၈ ခုနှစ်သည် ဂျပန်ရုပ်ရှင်လောကရဲ့ မှတ်ကျောက်တစ်ခုလိ
GENERAL
MULTIPLE LANGUAGE
ခွေးချစ်သူတိုင်းကြည့်သင့်သည့် နွေးထွေးဖွယ် ဂျပန်ရုပ်ရှင် ၆ ကား
ဒီဇင်ဘာ 21, 2018
ဂျပန်နိုင်ငံသည် ကြောင်ချစ်သောနိုင်ငံအဖြစ် လူသိများသော်လည်း (နိုင်ငံတစ်ဝှမ်း ကြောင်ကော်ဖီဆိုင်များ ပေ
ページトップへ