TOP > ALL > ANIMATION > ဂျပန်အန်နီမေး၊ မန်ဂါရုပ်စုံများကို စိတ်ကူးပုံဖော်ရိုက်ကူးသော ရုပ်ရှင် ၅ ကား
ANIMATION

ဂျပန်အန်နီမေး၊ မန်ဂါရုပ်စုံများကို စိတ်ကူးပုံဖော်ရိုက်ကူးသော ရုပ်ရှင် ၅ ကား

ရာဇဝင်ဇာတ်လမ်းရှည်များ၊ သည်းထိတ်ရင်ဖိုဖွယ် သဘာဝလွန်ကားများ၊ စုန်းမတစ်ဦး၏ စွန့်စားခရီးနှင့် တန်ဖိုးကြီးပစ္စည်းကို ခိုးယူလုယက်မှုတို့ ပါဝင်သည်။

နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတစ်ခုသည် တန်ဖိုးထား လူကြိုက်များသော ဂျပန်မန်ဂါရုပ်စုံ၊ အန်နီမေး ပုံပြင်များကို ရုပ်ရှင်အဖြစ် ရိုက်ကူးမည်ဟု ကြေညာသောအခါ ရင်ခုန်စိတ်လှုပ်ရှားကြပြီး လူအများ စိတ်ဝင်စားကြသည်။ အမာခံပရိသတ်များကို စိတ်ကျေနပ်စေရန် မလွယ်ကူသော်လည်း ရှေ့တွင် အောင်မြင်သော ပုံပြင်များစွာရှိသည်။ ယခင်ကတည်းက စိတ်ပါဝင်စားစွာ ခန့်မှန်းထားသော မန်ဂါကို ရှပ်ရှင်ရိုက်ခြင်းတစ်ခုမှာ ရှင်းဆုခဲဆာတို ၏ အလွန်အောင်မြင်သော စွန့်စားခန်းဇာတ်ကား နိုင်ငံတော် ဖြစ်ပြီး ယဆုဟီဆ ဟရ၏ အရောင်းရဆုံး စီးရီးများပေါ်တွင် အခြေခံထားသည်။ ဤအပတ်အတွင်း ၎င်း၏ ဖြန့်ချိမှုကို ဂုဏ်ပြုသောအားဖြင့် ရုပ်ရှင်အဖြင့် ရိုက်ကူးထားခဲ့သော ယနေ့အချိန်ထိ နာမည်အကြီးဆုံး မန်ဂါရုပ်စုံ၊ အန်နီမေးများကို ဖော်ပြပါမည်။

၁။ နိုင်ငံတော် (キングダム)၊ ၂၀၁၉

ယဆုဟီဆ ဟရ မန်ဂါ၏ အောင်မြင်မှုမှာ ယခုနှစ်များ၌ ထိပ်ဆုံး ဖြစ်ခဲ့သည်။ ၂၀၁၅ ခုနှစ်မှစ၍ အုပ်ရေပေါင်း ၂၈ သန်းကျော် ရောင်းချပြီး ဖြစ်သည် (ပထမဆယ်စုနှစ်အတွင်း ရောင်းချရသည့် အုပ်ရေထက် သုံးဆနီးပါးဖြစ်သည်)။ ထို့ကြောင့် နိုင်ငံတော် ကို ရုပ်ရှင်အဖြစ် ရိုက်ကူးမည်ဟု အသံထွက်ခြင်းမှာ အံ့ဩဖွယ် မဟုတ်ပေ။ တရုတ်ပြည်၏ စစ်မက်ဖြစ်ပွားနေသော ကာလကို ဇာတ်အိမ်တည်ထားပြီး ဗိုလ်ချုပ်ဖြစ်ရန် စိတ်ပိုင်းဖြတ်ထားသော စစ်ပွဲကြောင့်မိဘမဲ့သွားသည့် ရှင်း (တရုတ်လို Li Xin) ၏ အကြောင်း ဖြစ်သည်။ ၎င်းသည် စစ်ဖြစ်နေသည့် အုပ်စုငယ်များကို စည်းရုံးရန် ထွက်လာသည့် ချင်း အင်ပါယာ တည်ထောင်ရန် ရည်ရွယ်ချက်ရှိသော အဲအိဆဲအိ (Ying Zheng) ၏ တပ်သို့ ဝင်ရောက်သည်။ ခန်တို ယမဇကိ သည် ရှင်း အဖြစ် ထပ်မံသရုပ်ဆောင်သည်။ ၎င်းသည် ထိုမန်ဂါ ၁၀ နှစ်ပြည့် နှစ်ပတ်လည်ကို ဂုဏ်ပြုရန်အတွက် သုံးမိနစ်စာ ဇာတ်လမ်းတိုတွင်လည်း ရှင်း အဖြစ် သရုပ်ဆောင်ဖူးသည်။ ဇာတ်ပို့သရုပ်ဆောင် လရော ယိုရှိဇဝ (အဲအိဆဲအိ၊ ဟရော) သည် ဆယ်ကျော်သက်များအတွက် မန်ဂါရုပ်စုံ “ ဝံပုလွေမယ်နှင့် မဟူရာမင်းသား” ကို ရုပ်ရှင်အဖြစ် ရိုက်ကူးရာတွင် ယမဇကိ နှင့်အတူတွဲ၍ သရုပ်ဆောင်ဖူးသည်။

သရုပ်ဆောင်- ခန်တိုယမဇကိ၊ လရော ယိုရှိဇဝ၊ မဆမိ နဂဆဝ၊ ကန်န ဟရှိမိုတို
ဒါရိုက်တာ- ရှင်းဆုခဲ ဆာတို

၂။ မရဏ မှတ်စု (デスノート)၊ ၂၀၀၆

ပထမဦးဆုံး — နှင့် စုဂုမိ အို့ဘ နှင့် တခဲရှိ အို့ဘတို့၏ သဘာဝလွန်အကြောင်း မန်ဂါ အကောင်းဆုံးကို ရုပ်ရှင်အဖြစ် ရိုက်ကူးခြင်း — မရဏ မှတ်စု သည် စကြာဝဠာအတွင်းရှိ ကျွန်ုပ်တို့၏ နေရာအကြောင်းနှင့် လူသားတစ်ဦးကို နတ်ဘုရားကဲ့သို့ စွမ်းအားပေးအပ်ပါက မည်သို့ဖြစ်မည်နည်းဟု အတွေးပွားစေသည်။ ဒါရိုက်တာ ရူဆုခဲ ကနဲခို ဖြစ်ပြီး နာမည်ချရေးရုံနှင့် လူကိုသေစေနိုင်သော မှတ်စုစာအုပ်ကို ရရှိသွားသည့် လူထူးဆန်းကလေး လိုက်ယဂမိ အဖြစ် တစုယ ဖုဂျိဝရ က သရုပ်ဆောင်ထားသည်။ ရာဇဝတ်မှုများ ကင်းရှင်းပြီး သာလွန်ကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ရပ် တည်ထောင်ရန် ကြိုးပမ်းစဉ်တွင် လိုက် နောက်ကိုလိုက်သော အလွန်တော်သည့် စုံထောက် အလ် အဖြစ် ခဲနိချိမစုယမက သရုပ်ဆောင်ပြီး ရန်သူကိုကျော်လွှားနိုင်သော အခန်းကဏ္ဍဖြစ်သည်။ နားလည်ရန်ခက်ခဲသော ဇာတ်ကောင်များ၏ စိတ်ဝင်စားဖွယ်ကောင်းသောဥာဏ်ရည် တိုက်ပွဲသည် ဇယားထိပ်ဆုံးရှိ ဒါဗင်ချီကုဒ် ကို ကျော်လွန်၍ ဂျပန်ရှိ ရုပ်ရှင်ရုံများတွင် အောင်မြင်မှု ရရှိခဲ့သည်။

သရုပ်ဆောင်- တစုယဖုဂျိဝရ၊ ခဲနိချိမစုယမ၊ အဲရိက တိုဒ
ဒါရိုက်တာ- ရူဆုခဲ ကနဲခို

၃။ ကိကိ၏ ပစ္စည်းပို့ ဝန်ဆောင်မှု (魔女の宅急便)၊ ၂၀၁၄

မိသားစုနှင့်အတူကြည့်နိုင်သည့် ရုပ်ရှင်သည် ၎င်း၏ အောင်မြင်ကျော်ကြားသော အန်နီမေး လုပ်ဆောင်ချက်နှင့် မတူကွဲပြားသည်၊ ကိကိ ၏ ပစ္စည်းပို့ ဝန်ဆောင်မှု ကို ရုပ်ရှင်ပြန်ရိုက်ခြင်းသည် ဟယအို မိယဇကိ ၏ လက်ဟောင်းရုပ်ရှင်ကို ပြန်လည်အသက်သွင်းခြင်း မဟုတ်ဘဲ အဲအိခို ကဒိုနို ၏ နာမည်တူ အပျော်တမ်းဖတ် ဝတ္ထုတွင် ဒါရိုက်တာ တကရှိ ရှိမိဇု ၏ ကိုယ်ပိုင်အယူအဆများကို ထည့်ခြင်းဖြစ်သည်။ မူရင်းထက် ပိုမိုမှောင်ပြီး (ရှိမိဇု ၏ သွေးထွက်သံယို ရုပ်ရှင်နောက်ခံပေးထားသောကြောင့် အံ့ဩဖွယ်မဟုတ်ပေ) ကိကိ ဟုခေါ်သော ၁၃ နှစ်အရွယ် မိန်းကလေးတစ်ယောက်အကြောင်း ဖြစ်သည်။ ၎င်းသည် စုန်းအတတ်ပညာ၏ တစ်စိတ်တစ်ပိုင်း လေ့ကျင့်ရန်မိသားစုနှင့် တစ်နှစ်ခန့်ခွဲ၍ နေထိုင်ရမည်ဖြစ်သည်။ ပတ်ဝန်းကျင်အသစ်နှင့် ဝင်ဆံ့ရန် ရုန်းကန်ရပြီး သူ့အမေ၏ အမြဲပြုံးနေရန် မှာကြားသည့်စကားကို အမှတ်ရလျက် အပြုသဘောဆောင်၍နေရန် ကြိုးပမ်းသည်။ လက်ရွေးစင်စကိတ်မယ်ဟောင်း ဖူက ခိုရှိဘက ကိကိအဖြစ် သရုပ်ဆောင်သည်။ ထိုနေရာတွင် သရုပ်ဆောင်ရန် လူရွေးပွဲ၌ ပါဝင်သူ ၅၀၀ ခန့်တွင် ၁၆ နှစ်အရွယ် မိန်းကလေးက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

သရုပ်ဆောင်- ဖူကခိုရှိဘက၊ လရောဟဲ ဟိရိုတ၊ မချိခို အိုနို
ဒါရိုက်တာ- တခရှိ ရှိမိဇု

၎။ တတိယ လူပင် (ルパン三世)၊ ၂၀၁၄

မျောက်လက်သီးကို ရာစုနှစ်ဝက်ကျော်လောက်က ဖန်တီးခဲ့ပြီး တတိယ လူပင် သည် ကမ္ဘာအတော်ဆုံးနှင့် အလိုရှိဆုံး စောရအဖြစ်သိရှိသော ထူးခြားသည့် ဇာတ်ကောင်ဖြစ်သည်။ ထိုမန်ဂါကို လယူဟဲအိ ခိတမူလက ရုပ်ရှင်အဖြစ် ရိုက်ကူးမှုတွင် ရာဇဝတ်မှုများ ကျူးလွန်ရာတွင် ထူးချွန်သောသူသည် ဓားပြအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီး ခံတပ်ကဲ့သို့ မီးခံသေတ္တာသို့ ချဉ်းကပ်၍ “ ကလီယိုပတ်တရာ၏ ကြက်သွေးရောင် နှလုံးသား” ကို ခိုးရန် စီစဉ်သည်- ၎င်းသည် မတ်အန်တိုနီ ပြုလုပ်ထားသော လည်ဆွဲဖြစ်ပြီး ပိုင်ဆိုင်သူသည် ကမ္ဘာကြီးအား ထိန်းချုပ်နိုင်သည်။ နာမည်ကြီးသရုပ်ဆောင် ရွင်းအိုဂုရိ သည် သေးသွယ်သော တတိယ လူပင် အဖြစ် သရုပ်ဆောင်ပြီး ထိုရုပ်ရှင်အတွက် ၁၀ လ ကြာ သရုပ်ဆောင်လေ့ကျင့်ရေးတွင် ၈ ကီလိုဂရမ် ဝိတ်ကျသွားပြီး တွဲဖက်သရုပ်ဆောင် ဂိုအရနို သည် ဓားသမား အိရှိခဝ ဂိုအဲမွန် အဖြစ် သရုပ်ဆောင်ရန်အတွက် ၁၀ ကီလိုဂရမ် ဝိတ်တက်လာခဲ့သည်။ ထိုရုပ်ရှင်တွင် အင်္ဂလိပ်စကားပြော များစွာနှင့် နိုင်ငံပေါင်း များစွာတွင် ရိုက်ကူး ထားသောကြောင့် နိုင်ငံခြားရသ ပါဝင်သည်။

သရုပ်ဆောင်- ရွင်းအိုဂုရိ၊ ဂိုအရနို၊ မဲအိဆခုရိုကိ၊ တဒနိုဘုအဆနို
ဒါရိုက်တာ- လယူဟဲအိ ခိတမူလက

၅။ လုရိုနိခန်းရှင်း (るろうに剣心)၊ ၂၀၁၂

ထိုအချိန်ကာလတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားသော အက်ရှင်ကားဖြစ်သည့် ခဲအိရှိ အိုတိုမို၏ စွန့်စားခရီးကား လုရိုနိ ခန်းရှင်း သည် မူရင်းဖြစ်သည့် နိုဘုဟိရို ဝဆုကိ ၏ ရုပ်ပြအတွက် ထိုက်တန်သည့် လေးစားမှုကို ရရှိစေသည်။ မဲအိဂျိ ခေတ် အစောပိုင်းနှစ်များတွင် ဇာတ်အိမ်တည်ထားပြီး ဒဏ္ဍာရီလာ တစ်ကိုယ်တော် သူရဲကောင်း ခန်ရှိ ဟိမူလ၏ အကြောင်းဖြစ်သည်။ ယခုအခါ သူသည် ခြေသလုံးအိမ်တိုင် ဆာမူရိုင်းဘဝနှင့် နေထိုင်နေပြီး အတိတ်ကာလက အပြစ်များကို ပြန်လည်ပေးဆပ်သည့်အနေနှင့် အားနည်းသူများကို ကာကွယ်လျက်ရှိသည်။ နာမည်ကျော် တခဲရု ဆတိုး က ဟီမူလအဖြစ် သရုပ်ဆောင်ပြီး ၎င်းကို “ သူငယ်ချင်းတစ်ဦး” အဖြစ်ဖော်ညွှန်းပြီး “ အမြဲတမ်း သရုပ်ဆောင်ချင်သည်” ဟု ဆိုသည်။ အဲမိ တခဲသည် သူ၏ ချစ်ရသူကအိုရုခမိယကို ရုပ်ရှင်ထဲတွင် ပုံဖော်ပြီး အကောင်းဆုံး လူသစ်တန်းဆုများစွာကို ဆွတ်ခူးခဲ့သည်။ စီးပွားရေးအရနှင့် အထူးအောင်မြင်မှုဖြစ်သည့် လုရိုနိ ခန်းရှင်းကို မန်ဂါမှ ရုပ်ရှင်သို့ ဖန်တီးဖူးသမျှ ဇာတ်ကားများတွင် အကောင်းဆုံးတစ်ကားအဖြစ် သိရှိကြသည်။ အတွဲနှစ်တွဲကို ၂၀၁၄ တွင် ဖြန့်ချိခဲ့သည်။

သရုပ်ဆောင်- တခဲရုဆတိုး၊ အဲမိတခဲ၊ တဲရုယုကီ ခဂဝ
ဒါရိုက်တာ- ခဲရှိအိုတိုမို

ရုပ်ပြများအား ရုပ်ရှင်ပြန်ရိုက်ခြင်းများကို ပရိသတ်နှင့် အမာခံအားပေးသူများက စီစဉ်သော်လည်း ဈေးကွက်ကို လှုပ်ခတ်သွားစေသော ရုပ်ရှင်အချို့ရှိသည်။ မရဏ မှတ်စု နှင့် လုရိုနိ ခန်းရှင်း တို့ကဲ့သို့ ရှေ့တွင်ဖော်ပြထားသော ရုပ်ရှင်များကို သိသိသာသာ ပြောင်းလဲထားခြင်း မရှိပါက ရုပ်ရှင်အဖြစ်ရိုက်ကူးခြင်း မူပိုင်ခွင့်များ ရရှိနိုင်ပါသည်။

စာသား- မတ်သော ဟာနွန်

RECOMMEND POSTS

GENERAL
ဂျပန် ပေါ့ပ်အိုင်ဒေါအဖွဲ့ အာရာရှီရဲ့ အမှတ်တရဖြစ်စရာ အကောင်းဆုံး ရုပ်ရှင်တွေ ကြည့်ကြရအောင်
မတ် 29, 2019
သူတို့ရဲ့အနုပညာလုပ်ငန်းတွေကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်ကစပြီး ရပ်နားတော့မယ်လို့ ဂျပန် နိုင်ငံက အ
LIFESTYLE
MULTIPLE LANGUAGE
“ကမ်းပိုင်း! အားလုံး​သောဆာ​ကေးချစ်​သူများအတွက်”​ တွင်​မြင်​​တွေ့ရ​သော
ဒီဇင်ဘာ 10, 2018
ဒီ​နွေး​ထွေးပျူငှာတဲ့ မှတ်​တမ်းတင်​ဇာတ်​လမ်းတိုမှာ ဆာ​ကေးသည်​​ သောက်​စရာတစ်​ခုထက်​ပို​ကြောင်းြေ
GENERAL
MULTIPLE LANGUAGE
၂၀၁၈ မှာ လူတိုင်း ပါးစပ်ဖျားက ဂျပန်ရုပ်ရှင် ၅ ကား၊ အပိုင်း ၁
စက်တင်ဘာ 21, 2018
စိတ်လှုပ်ရှားစရာ ဇာတ်ကားတွေ၊ စိတ်ခွန်အားဖြစ်စေပြီး နောက်ထပ် ဖြစ်ရပ်မှန်တစ်ခုစီ စိတ်ကူးယဉ် ခရီးနှင် စေ
ページトップへ